အေးဂျင့်
ကုန်သည်

ကုန်သည်များ သိရှိလိုက်နာရန်စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

ကမ္ဘောဇဘဏ်၏ KBZPay ငွေကြေးလွှဲပြောင်းမှုဝန်ဆောင်မှုများကို အသုံးပြုမည့် ကုန်သည်များအနေဖြင့် အောက်တွင် ဖော်ပြထားသော စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အတိအကျလိုက်နာကြရမည်ဖြစ်သည်။ ကမ္ဘောဇဘဏ်၏ KBZPay မိုဘိုင်းလ် ငွေကြေးလွှဲပြောင်းမှုဝန်ဆောင်မှုအား မည့်သည့်ကုန်သည်အဖြစ်ဆောင်ရွက်ရန် တောင်းခံခြင်း သို့မဟုတ် ဆောင်ရွက်ခြင်းများ သည် သို့မဟုတ် ယင်းအား ကုန်သည်ကိုယ်စား အခြားသူတစ်ဦးဦးအား အသုံးပြုစေရန်ခွင့်ပြုခြင်းများသည် ကုန်သည်အနေဖြင့် အခါ အားလျော်စွာ ပြောင်းလဲနိုင်သည်ဖြစ်သော ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာမည်ဟု ဝန်ခံအသိအမှတ်ပြုခြင်းနှင့် လက်ခံခြင်းပင်ဖြစ်သည်။


၁။ အဓိပ္ပါယ်ဖွင့်ဆိုချက်များ

အောက်ဖော်ပြပါ အဓိပ္ပါယ်အသုံးအနှုန်းများသည် ဤစည်းမျဉ်းစည်းကမ်းများ သို့မဟုတ် ဤနေရာတွင် ရည်ညွှန်းထားသော မည်သည့်စာရွက်စာတမ်းကိုမဆို အသုံးပြုသောအခါတွင် အောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုမည် ဖြစ်သည်-

၁၊၁၊၊ "သဘောတူညီချက်" ဆိုသည်မှာ စာချုပ်ဝင်များအကြား ပြုလုပ်ချုပ်ဆိုထားသည့် ယခု ကုန်သွယ်မှု သဘောတူညီချက် ဆိုင်ရာ စာချုပ်နှင့်အတူ ပူးတွဲပါရှိသည့် နောက်ဆက်တွဲများ၊ ကုန်သည် လုပ်ငန်းစဉ်ဆိုင်ရာ လျှောက်လွှာဖောင်ပုံစံ တို့အား ဆိုလိုခြင်းဖြစ်သည်။

၁၊၂။ "စစ်မှန်ကြောင်းသက်သေ၊ အထောက်အထားပြသခြင်း" ဆိုသည်မှာ အသုံးပြုသူမှ တစ်ခါသုံးလျှို့ဝှက်သင်္ကေတ (OTP) ဖြင့် အစစ်အမှန်ဖြစ်ကြောင်း သက်သေပြသသည့် လုပ်ငန်းစဉ်လုပ်ဆောင်ခြင်းအား ဆိုလိုသည်။

၁၊၃။ "App" ဆိုသည်မှာ အသုံးပြုသူမှ mobile device တစ်ခုသို့ Application အား download လုပ်၍ ထည့်သွင်း အသုံးပြုခြင်း ကို ဆိုလိုသည်။

၁၊၄။ "အလုပ်ဖွင့်ရက်" ဆိုသည်မှာ ကုန်သည်၏ သက်ဆိုင်ရာ ကမ္ဘောဇဘဏ်ငွေစာရင်း ကို ဆိုလိုသည်။ (အကယ်၍ ရှိပါက)

၁၊၅။ "ဘဏ်ငွေစာရင်း" ဆိုသည်မှာ ကုန်သည်၏ သက်ဆိုင်ရာ ကမ္ဘောဇဘဏ်ငွေစာရင်း ကို ဆိုလိုသည်။ (အကယ်၍ ရှိပါက)

၁၊၆။ "ငွေလွှဲမှုအတွက် ကမ္ဘောဇဘဏ်၏ အဖိုးအခ" ဆိုသည်မှာ ကုန်သည်၏ KBZPay ရှိလက်ကျန်ငွေအား ကုန်သည်၏ မည်သည့် ဘဏ်ငွေစာရင်းကိုမဆို လွှဲပြောင်းခြင်း သို့မဟုတ် ကုန်သည်၏ ဘဏ်ငွေစာရင်းသို့ အသုံးပြုသူမှ အခကြေးငွေပေးချေခြင်း အား ကမ္ဘောဇဘဏ်ကဆောင်ရွက်ပေးရာတွင် ငွေလွှဲဝန်ဆောင်မှုအား ကုန်သည်သို့ ဆောင်ရွက်ပေးခြင်းအတွက် ကမ္ဘောဇဘဏ်မှ ကောက်ခံသည့် အဖိုးအခကိုဆိုလိုသည်။

၁၊၇။ "ဗဟိုဘဏ်" ဆိုသည်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို ဆိုလိုသည်။

၁၊၈။ "အဖိုးအခပြန်လည်ပေးအပ်ခြင်း" ဆိုသည်မှာ အသုံးပြုသူအနေဖြင့် ၄င်း၏ကိုယ်တိုင်လုပ်ဆောင်ချက် မဟုတ်ဘဲ အခြားသူ တစ်ဦးတစ်ယောက်မှ တရားမဝင် လုပ်ဆောင်သည့်အခါတွင် ကမ္ဘောဇဘဏ်သို့ ၄င်းဆုံးရှုံးသွားသည့်ငွေများ ပြန်လည် ပေးဆပ်စေရန် တောင်းဆိုခြင်းကိုဆိုလိုသည်။

၁၊၉။ "လျှို့ဝှက်သတင်းအချက်အလက်" ဆိုသည်မှာ မည်သည့် စာရွက်စာတမ်များမဆို၊ သတင်းအချက်အလက် ဒေတာ သို့မဟုတ် အများပြည်သူမှ သာမန်အားဖြင့် သိရှိနိုင်ခြင်းမရှိသော ကမ္ဘောဇဘဏ်၏ စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင် သော သတင်းအချက်အလက်များပါဝင်ပြီး ကိုင်တွယ်၍ရသည်ဖြစ်စေ၊ ကိုင်တွယ်၍မရသည်ဖြစ်စေ၊ အမြင်အာရုံဖြင့်ဖြစ်စေ အီလက်ထရောနစ် စနစ်သုံး၊ ယခု သို့မဟုတ် အနာဂတ်ဆိုင်ရာ သတင်းအချက်အလက်များ ဖြစ်သည့် (က) ငွေကြေး ဆိုင်ရာ သတင်းအချက်အလက်များ၊ (ခ) နည်းပညာဆိုင်ရာ သတင်းအချက်အလက်များသာ ပါဝင်သည်ဟု ကန့်သတ်ထား ခြင်းမရှိဘဲ သုတေသနဆိုင်ရာ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ၊ လုပ်ထုံးလုပ်နည်းများ၊ သတင်း အချက်အလက်ဒေတာဆိုင်ရာ၊ ဒီဇိုင်းဆိုင်ရာနှင့်သိပ္ပံ၊ နည်းပညာဆိုင်ရာများ၊ (ဂ) စီးပွားရေးဆိုင်ရာ သတင်းအချက် အလက်များသာ ပါဝင်သည်ဟု ကန့်သတ်ထားခြင်းမရှိဘဲ လုပ်ငန်းစီမံခန့်ခွဲမှုများ၊ အစီအစဉ်ရေးဆွဲခြင်းများ၊ စျေးကွက် ရှာဖွေခြင်းဆိုင်ရာကိစ္စရပ်များနှင့် ကမ္ဘောဇဘဏ်မှ ကုန်သည်အား ထုတ်ဖော်ပေးအပ်ထားသော ဝန်ဆောင်မှု လုပ်ငန်းများ၊ (ဃ) မည်သည့်အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ ပုဂ္ဂလိကဆိုင်ရာ သတင်းအချက်အလက်/ ဒေတာများ၊ (င) ယခုလက်ရှိ စာချုပ်မချုပ်ဆိုခင်ဖြစ်စေ သို့မဟုတ် ချုပ်ဆိုပြီးဖြစ်စေ၊ ယခုလက်ရှိစာချုပ်နှင့် ပတ်သတ် ဆက်နွယ်နေပြီး ကုန်သည်အနေဖြင့် သိရှိခွင့်ရှိသည့် အားလုံးသော သတင်းအချက်အလက်နှင့် ဒေတာများ၊ (စ) လျှို့ဝှက် သို့မဟုတ် ပိုင်ဆိုင်မှုနှင့် ပတ်သတ်သော အယူအဆ များအားလုံး၊ စာရွက်စာတမ်းများ၊ အစီရင်ခံစာများ၊ စာရင်းအင်းများ၊ ဖိုင်တွဲများ၊ ဒေတာ၊ အသေးစိတ်ဖော်ပြချက်များ၊ အစီအစဉ်ဇယားများ၊ ဒေတာသိမ်းဆည်းသည့် နေရာများ၊ ဒေတာ သိုမှီးထားသည့် ဖိုင်များ၊ တီထွင်ဆန်းသစ်မှုများ၊ သတင်းအချက်အလက်များ၊ နည်းပညာနှင့် ကုန်သွယ်ရေး လျှို့ဝှက်ချက်များ၊ အသိဉာဏမူပိုင်ခွင့် မှတ်ပုံတင်ခွင့်ရရှိနိုင်သည်ဖြစ်စေ သိုမဟုတ် မူပိုင်ခွင့် တင်သွင်းပြီးဖြစ်စေ အသိဉာဏဆိုင်ရာ အချက်အလက်များကို ဆိုလိုပါသည်။

၁၊၁၀။ "အသုံးပြုသူ" ဆိုသည်မှာ MMQR စံနှုန်းများနှင့်အညီ ပြုလုပ်ထားသော မည်သည့် Digital Wallet ကိုမဆို ကိုင်ဆောင်ထားသော မည်သူ့ကိုမဆို ဆိုလိုပြီး ကုန်သည်များထံက ပေးအပ်လျက်ရှိသော ဝန်ဆောင်မှု သို့မဟုတ် ကုန်ပစ္စည်းများကို ၎င်း၏ Digital Wallet ကို အသုံးပြု၍ MMQR ဖြင့် ငွေပေးချေခြင်း သို့မဟုတ် ဝယ်ယူလိုက်သော ဝန်ဆောင်မှု သို့မဟုတ် ကုန်ပစ္စည်းများအတွက် ကုန်သည်ထံ လက်ငင်းငွေပေးချေသူကို ဆိုလိုပါသည်။

၁၊၁၁။ "အသုံးပြုသူ အဖိုးအခ" ဆိုသည်မှာ ဝယ်ယူသည့် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအတွက် အသုံးပြုသူ၏ MMQR စံနှုန်းများနှင့်အညီ ပြုလုပ်ထားသော KBZPay သို့မဟုတ် အခြား Digital Wallet များမှ ကျသင့်စေမည့် အဖိုးအခ ဖြစ်ပြီး အသုံးပြုသူ ကျသင့်ရမည့် အခြားသော အခွန်အခများ၊ အကောက်ခွန်များ၊ ကုန်ကျစရိတ်များ၊ အဖိုးအခများနှင့် အသုံးစရိတ်များ အားလုံးကို စုပေါင်း၍ ကျသင့်မည့်အဖိုးအခဟု ဆိုလိုပါသည်။

၁၊၁၂။ "ကမ္ဘောဇဘဏ်" ဆိုသည်မှာ အနာဂတ်တွင် ကမ္ဘောဇဘဏ်ကထူထောင်မည့် မည်သည့်ဘဏ်ခွဲမဆိုအပါအဝင် ကမ္ဘောဇဘဏ်လီမိတက် နှင့် ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲအားလုံးကိုဆိုလိုသည်။

၁၊၁၃။ "KBZPay" ဆိုသည်မှာ ကမ္ဘောဇဘဏ်မှ သတ်မှတ်ခန့်အပ်ထားသည့် ကုန်သည်များမှတဆင့် ၄င်းတို့၏ အသုံးပြုသူများ အတွက် ပေးအပ်သွားမည့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများကို ဆိုလိုပါသည်။

၁၊၁၄။ "KBZPay Partner App" ဆိုသည်မှာ KBZPay ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန်အတွက် ကုန်သည်အား စီစဉ်ပေးမည့် Application ကိုဆိုလိုခြင်း ဖြစ်ပါသည်။

၁၊၁၅။ "ကမ္ဘောဇဝန်ဆောင်မှုများ" ဆိုသည်မှာ ကုန်သည်အတွက် ရည်ရွယ်၍ MMQR စံနှုန်းများနှင့်အညီ ပြုလုပ်ထားရှိပြီး ငွေပေးချေမှုလက်ခံခြင်း ပြုလုပ်ရန်အတွက်လည်းကောင်း အခြားဆက်စပ် ဒီဂျီတယ်ဝန်ဆောင်မှုများ ရောင်းချခြင်း သို့မဟုတ် ပေးအပ်ခြင်းစသည် ဆောင်ရွက်နိုင်စွမ်းရှိသော အီလက်ထရောနစ်စနစ်တစ်ခုကို ဆိုလိုပါသည်။

၁၊၁၆။ "KYC" ဆိုသည်မှာ ကုန်သည်အတွက် ကမ္ဘောဇဘဏ်မှသတ်မှတ်ညွှန်ကြားထားသော လိုအပ်သည့် စာရွက်စာတမ်း အပြည့်အစုံ စာရင်းဖြစ်ပြီး ကမ္ဘောဇဘဏ်၏ KYC ကုန်သည် အဖြစ် ကုန်သည်မှ လုပ်ကိုင်လိုသော ဆန္ဒရှိသည့် အချိန်တွင် ကုန်သည်မှ ပေးပို့ရမည့် စာရွက်စာတမ်းများကို ဆိုလိုပါသည်။

၁၊၁၇။ "ငွေသွင်းငွေထုတ်မရှိသောစာရင်း" ဆိုသည်မှာ (၂၄) လနှင့်အထက် မည်သည့်ငွေသွင်း ငွေထုတ်ခြင်းကိုမျှ ဆောင်ရွက်ခဲ့ခြင်းမရှိလျှင် ကုန်သည်၏ KBZPay Partner Account ကို ငွေသွင်းငွေထုတ်မရှိသောစာရင်း (Inactive Account) အဖြစ် သတ်မှတ်မည်ဖြစ်သည်။ ဆိုလိုသည်မှာ ကုန်သည်သည် ၎င်း၏ KBZPay Partner Account အား အသုံးပြုခြင်းနှင့် Transaction ပြုလုပ်ခြင်းအား ဆက်လက် လုပ်ဆောင်နိုင်တော့မည်မဟုတ်ပါ။

၁၊၁၈။ "MDR" ဆိုသည်မှာ MMQR စံနှုန်းများနှင့်အညီ ပြုလုပ်ထားသော KBZPay သို့မဟုတ် အခြား Digital Wallet များထံမှ ငွေပေးချေမှုလက်ခံခြင်းကို ပြုလုပ်ရာတွင် ကုန်သည်၏ လုပ်ငန်း အမျိုးအစားအပေါ် လိုက်၍ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ် က ၎င်း၏စံနှုန်းများနှင့်အညီ တွက်ချက်၍ ကျသင့်သော အဖိုးအခ သို့မဟုတ် ဝန်ဆောင်ခကို ဆိုလိုပါသည်။

၁၊၁၉။ "ကုန်သည် လျှောက်လွှာဖောင်ပုံစံ" ဆိုသည်မှာ ကုန်သည်မှ ဖြည့်သွင်းရမည့် ဖောင်ပုံစံကို ဆိုလိုပါသည်။

၁၊၂၀။ "MMQR ( မိုဘိုင်းကုန်သည် အမြန်တုံ့ပြန်မှု)" ဆိုသည်မှာ ကုန်သည်များ ( MMQR ကုန်သည်များ) ထံမှ ဝယ်ယူမှုများအတွက် အသုံးပြုသူ သို့မဟုတ် စားသုံးသူက ၎င်းတို့၏ မည်သည့် Digital Wallet ကိုမဆို အသုံးပြု၍ QR ကုဒ် ငွေပေးချေမှုများကို လက်ခံနိုင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ် မှ ပံ့ပိုးပေးသည့် ဒစ်ဂျီတယ် QR ငွေပေးချေမှု ဝန်ဆောင်မှုဖြစ်သည်။

၁၊၂၁။ "မြန်မာကျပ်" ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း တရားဝင်သုံးစွဲနေသည့် ငွေကြေးစနစ်ကို ဆိုလိုသည်။

၁၊၂၂။ "POSM" ဆိုသည်မှာ အရောင်းဌာနများတွင် ထားရှိမည့် ပစ္စည်းများကို ဆိုလိုပါသည်။

၁၊၂၃။ "ကုန်ပစ္စည်း" ဆိုသည်မှာ ထုတ်လုပ်ထားသည့် ကုန်ပစ္စည်း/ထုတ်ကုန်၊ စျေးကွက်ရှာဖွေခဲ့ပြီး၊ ဖြန့်ဖြူးရောင်းချခဲ့ပြီး (သို့မဟုတ်) အရောင်းဆိုင်များတွင် ကုန်သည်များမှ ၄င်းတို့၏ အသုံးပြုသူများထံသို့ ရောင်းချခဲ့ပြီးသော ပစ္စည်းဖြစ်ကာ၊ ထိုသို့ လုပ်ဆောင်ခြင်းအတွက် ငွေပေးချေမှုအား အသုံးပြုသူ၏ KBZPay မှ ပြုလုပ်ထားခြင်းကို ဆိုလိုပါသည်။

၁၊၂၄။ "ငွေပြန်အမ်းခြင်း" ဆိုသည်မှာ ကုန်သည်ထံမှ ဝယ်ယူခဲ့သော ထုတ်ကုန်/ဝန်ဆောင်မှုများနှင့် ပတ်သတ်၍ အသုံးပြုသူ များကို ကတိပေးအပ်ထားခြင်းအတိုင်း မဟုတ်ခြင်း (သို့မဟုတ်) ချွတ်ယွင်းနေခြင်း၊ မလုံလောက်ခြင်း၊ မပြည့်စုံခြင်း (နှင့်/သို့မဟုတ်) မည်သို့သော အကြောင်းပြချက်နှင့် ဖြစ်စေ စိတ်ကျေနပ်ဖွယ်ရာ မရှိခြင်းသို့မဟုတ် အသုံးပြုသူ၏ ကုန်မှာယူခြင်းများအတွက် အသုံးပြုသူမှ ပယ်ဖျက်လိုက်သောကြောင့် လည်းကောင်း ပေးချေခဲ့သော ငွေကြေး တစ်စိတ်တစ်ပိုင်း သို့မဟုတ် အပြည့်အဝ ငွေပေးချေခဲ့ခြင်းများအား အသုံးပြုသူမှ ငွေပေးချေရန် ငြင်းဆန်ခြင်း သို့မဟုတ် ငွေကြေးပြန်လည်အမ်းခိုင်းခြင်းများကို ဆိုလိုပါသည်။

၁၊၂၅။ "ပြီးပြေအောင် ပေးဆပ်သော ငွေစာရင်း" ဆိုသည်မှာ ကုန်သည်၏ KBZPay သို့မဟုတ် ဘဏ်ငွေစာရင်း (ကုန်သည်မှ သတ်မှတ်ပေးထားသော)ဖြစ်ပြီး အသုံးပြုသူ၏အဖိုးအခများကို ထိုငွေစာရင်းတွင် ကမ္ဘောဇဘဏ်မှစာရင်းရှင်းလင်းခြင်း အား ဆောင်ရွက်မည့်ငွေစာရင်းကို ဆိုလိုပါသည်။

၁၊၂၆။ "ဝန်ဆောင်မှု" ဆိုသည်မှာ အရောင်းဆိုင်တွင် ကုန်သည်မှပေးအပ်သောမည်သည့်ဝန်ဆောင်မှုမျိုးကိုမဆို ဆိုလိုကာ အသုံးပြုသူမှရယူခံစားနိုင်သော ဝန်ဆောင်မှုများဖြစ်ပြီး ထိုကဲ့သို့ဝန်ဆောင်ရယူခြင်းအတွက် အသုံးပြုသူ၏ ကမ္ဘောဇဘဏ် ဝန်ဆောင်မှုများ မှတဆင့် ငွေပေးချေမှုများ ပြုလုပ်ခြင်းကို ဆိုလိုပါသည်။

၁၊၂၇။ "Transaction" ဆိုသည်မှာ အသုံးပြုသူက ကုန်သည်ထံမှ ဝန်ဆောင်မှုများကို ဝယ်ယူရန် သို့မဟုတ် အလဲအလှယ်ပြုလုပ်ရန် MMQR စံနှုန်းများနှင့်အညီ ပြုလုပ်ထားသော မည်သည့် Digital Wallet ထံကမဆိုဖြစ်စေ အီလက်ထရောနစ်နည်းလမ်းဖြင့် ပေးချေခြင်း သို့မဟုတ် ငွေသားလက်ငင်းပေးချေမှုကို ကုန်သည်က လက်ခံပြီး ၎င်း၏ KBZPay Partner Wallet ကို အသုံးပြု၍ အသုံးပြုသူက ဝယ်ယူသော ဝန်ဆောင်မှုကို လက်ခံဆောင်ရွက်ပေးခြင်း စသည် အီလက်ထရောနစ်နည်းလမ်းဖြင့် ကောင်းမွန်စွာ ပြီးမြောက်သွားသော မည်သည့်လုပ်ဆောင်မှုမျိုး ကိုမဆို ဆိုလိုသည်။


၂။ ကြိုတင်သတ်မှတ်ချက်

ကမ္ဘောဇဘဏ်သည် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအရ MMQR စံနှုန်းများနှင့်အညီ ပြုလုပ်ထားသော ကမ္ဘောဇဘဏ်ဝန်ဆောင်မှုများကို အသုံးပြုသူထံ ဝန်ဆောင်မှု ပေးနိုင်ရန်အလို့ငှာ ကုန်သည်ကို ကမ္ဘောဇဘဏ်၏ ကုန်သည်အဖြစ် ခန့်အပ်သည်။ ဤဝန်ဆောင်မှုများအား ရယူရန်လျှောက်ထားရာတွင် ကမ္ဘောဇဘဏ်၏ ကုန်သည်လျှောက်လွှာပုံစံတွင် ပြည့်စုံစွာ ဖြည့်သွင်း၍ ပေးပို့ရမည် ဖြစ်သည်။ ကုန်သည်အနေဖြင့် ၎င်း၏အရောင်းဆိုင်များတွင် ကမ္ဘောဇဘဏ်ဝန်ဆောင်မှုများကို ကုန်သည်အဖြစ် သုံးစွဲသူများထံ ပေးအပ်နိုင်မည်ဖြစ်သည်။ သို့ရာတွင် အရောင်းဆိုင်များအားလုံးတွင် ပြုလုပ်သော အမှုကိစ္စမှန်သမျှတို့အတွက် Merchant Teller နှင့် Merchant Receiver တို့အတွက် ကုန်သည်မှ ဥပဒေအရ တာဝန်အပြည့်အဝရှိမည် ဖြစ်ကြောင်း စာချုပ်ဝင်များက သိရှိသဘောတူကြပါသည်။


၃။ ပေါင်းစည်းခြင်း

၃၊၁။ ကမ္ဘောဇဘဏ် အနေဖြင့် ကုန်သည်အတွက် အသုံးပြုရန် လိုအပ်သည့် KBZPay Partner App ကို ဒီဂျီတယ်နည်းလမ်းဖြင့် အလွယ်တကူထည့်သွင်းနိုင်ရေး စီစဉ်ထားရှိမည်ဖြစ်ပြီး ၎င်း KBZPay Partner App အသုံးပြုနိုင်ရန် လိုအပ်သော စနစ်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ အဆိုပါ KBZPay Partner App ကို အသုံးပြု၍ ကုန်သည်၏ အရောင်းဆိုင်၊ အရောင်းဆိုင်ခွဲများတွင် ကမ္ဘောဇဘဏ်ဝန်ဆောင်မှုများကို လက်ခံဆောင်ရွက်နိုင်ရန် ကုန်သည်မှ အဆိုပါ စနစ်အား အသုံးပြုခွင့် ရရှိမည်ဖြစ်သည်။

၃၊၂။ ကုန်သည်အနေဖြင့် မိမိ၏ ID နှင့် Password များကို လျှိုဝှက်စွာထားရှိရန်နှင့်လုံခြုံမှုရှိစေရန်သေချာအောင် ဆောင်ရွက် ထားရှိရမည်ဖြစ်ပြီး၊ အဆိုပါ ID နှင့် Password များကို မလျော်ကန်စွာ ဖြင့် အသုံးပြုသည်ဟု သိရှိပါက ကမ္ဘောဇဘဏ်အား အသိပေးအကြောင်းကြားမည်ဟု သဘောတူပါသည်။

၃၊၃။ ကုန်သည်အနေဖြင့် မူလကုန်သွယ်မှု သဘောတူညီချက်စာချုပ်နှင့် နောက်ဆက်တွဲ သဘောတူညီချက်စာချုပ်များတွင် ပါဝင်သော စည်းကမ်းသတ်မှတ်ချက်များ၊ ပြဌာန်းချက်များနှင့် KBZPay Partner App ၏ အသုံးပြုပုံ လမ်းညွှန်ချက်များကို လိုက်နာရမည်။

၃၊၄။ KBZPay Partner App သည် ကမ္ဘောဇဘဏ်၏ ပိုင်ဆိုင်သော ပစ္စည်းဖြစ်ကြောင်း နှင့် တရားဝင် ပိုင်ရှင်မှာလည်း ကမ္ဘောဇဘဏ်တစ်ဦးတည်းသာ ဖြစ်ကြောင်း သိရှိနားလည်သဘောတူပါသည်။

၃၊၅။ အယောင်ဆောင်/လိမ်လည်လှည့်ဖြားကာ Transaction ပြုလုပ်သည်ဟု သံသယရှိခြင်း၊ ကုန်သည်၏ KBZPayအား နှစ်လအထိ အသုံးပြုမှုမရှိခြင်း (သို့မဟုတ်) လက်မခံနိုင်သော အပြုအမူ မည်သည့်ကိစ္စမဆို ပြုလုပ်ခြင်း (သို့မဟုတ်) ကမ္ဘောဇဘဏ်မှ ပြဋ္ဌာန်းထားသည့် စည်းကမ်းသတ်မှတ်ချက်များအတိုင်း ကုန်သည်မှ လမ်းလွဲသွေဖည်ခြင်း စသည့် ကိစ္စရပ်များ၌ ကမ္ဘောဇဘဏ်တွင် ကုန်သည်၏ KBZPay နှင့် ပတ်သတ်၍ ကြိုတင်အသိပေးချင်း မရှိဘဲ ရပ်ဆိုင်းခြင်း/ ပယ်ဖျက်ခြင်း ပြုလုပ်ရန် ဆောင်ရွက်နိုင်သည့် အခွင့်အရေးရှိသည်။ ကုန်သည်၏ KBZPayတွင် ကျန်ရှိသော စာရင်းလက်ကျန်ငွေပမာဏအား ထိုကဲ့သို့သော ဆိုင်းငံ့ခြင်းကိစ္စရပ်များ အခြေအနေတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက လက်လွှတ်ဆုံးရှုံး ရမည်ဖြစ်သည်။

၃၊၆။ ကုန်သည်သည် အစိုးရအာဏာပိုင်များ သို့မဟုတ် စည်းကမ်းထိန်းသိမ်းရေးအာဏာပိုင်များ၏ သက်ဆိုင်ရာဥပဒေများ၊ စည်းကမ်းများနှင့် စည်းမျဉ်းများအားလုံးကို လိုက်နာရန် အရေးကြီးကြောင်းကို ကုန်သည်က နားလည်သိရှိပြီး လိုက်နာရန်သဘောတူပါသည်။


၄။ ကမ္ဘောဇဘဏ်၏တာဝန်ဝတ္တရားများ

၄၊၁။ အထက်ပါ လုပ်ငန်းခွင်အတွက် ကုန်သည်အား လုပ်နိုင်ကိုင်နိုင်ရှိလာသည်အထိ ကမ္ဘောဇဘဏ်မှ သင်တန်း ပေးအပ် သွားမည် ဖြစ်ပါသည်။

၄၊၂။ သက်ဆိုင်ရာ POSM ပစ္စည်းများကို ကုန်သည်အား ကမ္ဘောဇဘဏ်မှ ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

၄၊၃။ လုပ်ထုံးလုပ်နည်းများ၊ မူဝါဒများ၊ စျေးနှုန်းနှင့်ပတ်သတ်၍ ပြောင်းလဲမှုများရှိပါက ကုန်သည်သို့ အကြောင်းကြား ပေးသွားမည်ဖြစ်၍ ကုန်သည်မှ ထိုပြောင်းလဲချက်များအတိုင်း ချက်ချင်းလိုက်နာ အကောင်အထည်ဖော်ဆောင်ရွက် ရမည်ဖြစ်ပါသည်။

၄၊၄။ ပုံမှန်ဘဏ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်သော အချိန်နာရီများအတွင်း၌လည်းကောင်း၊ လိုအပ် ချက်အရ အခါအားလျော်စွာ အဆိုပါအချိန်ပြင်ပတွင်လည်းကောင်း ကမ္ဘောဇဘဏ်က ကုန်သည်ကို တယ်လီဖုန်းဖြင့် ဖြေကြား၍ အထောက်အပံ့ပေးသော ခေါ်ဆိုမှုစင်တာဝန်ဆောင်မှုအား ပေးအပ် သွားမည် ဖြစ်ပါသည်။

၄၊၅။ ကုန်သည်မှပြုလုပ်သည့် Transaction တစ်ခု ပြုလုပ်တိုင်းတွင် လက်ခံခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ရှိမရှိအား ကမ္ဘောဇဘဏ် မှ စစ်မှန်ကြောင်း သက်သေ အထောက်အထားပြသ၍ အတည်ပြုပေးသွားမည် ဖြစ်ပါသည်။

၄၊၆။ မမှန်မကန်လုပ်ဆောင်သော Transaction များ သို့မဟုတ် စက်ပစ္စည်းများသို့ ဝင်ရောက်ထိုးဖောက်ခြင်းများ သို့မဟုတ် ငွေချေသည့်ကိရိယာများကို ခိုးယူခြင်း သို့မဟုတ် ပျောက်ဆုံးခြင်းများ၊ ပျက်ကွက်ခြင်း သို့မဟုတ် လူမွဲစာရင်းသွင်းခြင်း စသည့် ဆုံးရှုံးနိုင်ချေရှိသော ဘေးအန္တရာယ်များဖြစ်ပွားလာပါက အသုံးပြုသူများနှင့် ကုန်သည်အား ကမ္ဘောဇဘဏ်မှ လုံလောက်သော ကြိုတင်အသိပေး အကြောင်းကြားစာများကို ပေးအပ်သွားမည်ဖြစ်ပါသည်။


၅။ ကုန်သည်၏ တာဝန်ဝတ္တရားများ

၅၊၁။ လုပ်ငန်းဆောင်တာ အတိုင်းအတာများနှင့် ပတ်သတ်၍ ဆောင်ရွက်ရန်ဟူသမျှကို ကုန်သည်မှ ကြိုးစားအားထုတ်မှု အပြည့်ဖြင့် ကြိုးစားခြင်း၊ တည်ကြည်ရိုးသားမှုရှိခြင်း နှင့် သက်မွေးမှုလုပ်ငန်းအဖြစ် မိမိလုပ်ကိုင်သော အလုပ်ကို ပညာရှင်ပုံစံ ပီသစွာဖြင့် လုပ်ကိုင်ဆောင်ရွက်ပါမည်။

၅၊၂။ စည်းစနစ်တကျဖြစ်သော စီးပွားရေးလုပ်ငန်းဆိုင်ရာ အဆင့်အတန်းများ၊ သဘောရိုးများနှင့်အညီ ကုန်သည်မှ မိမိ၏ စီးပွားရေး လုပ်ငန်းများကို စီမံခန့်ခွဲလုပ်ဆောင်ပါမည်။

၅၊၃။ ကုန်သည် (လုပ်ငန်းပိုင်ရှင်) သည် လျှောက်လွှာတင်ချိန်တွင် အသက် (၁၈) နှစ်အထက် ဖြစ်ရမည်။

၅၊၄။ ကုန်သည်သည် ကမ္ဘောဇဘဏ် က သတ်မှတ်ထားရှိသော Merchant Category Code (MCC) နှင့် ကိုက်ညီ အောင် မိမိ၏လုပ်ငန်းအမျိုးအစားကို မှန်ကန်စွာ ခွဲခြားထည်သွင်းရန်နှင့် ကမ္ဘောဇဘဏ်က တောင်းဆိုသော လုပ်ငန်းနှင့်သက်ဆိုင်သည့် အချက်အလက်များနှင့် စာရွက်စာတမ်းများအားလုံးကို ပေးအပ်သွားပါမည်။

၅၊၅။ ကုန်သည်မှ ၄င်း၏ ကိုယ်ပိုင်KBZPay Partner Account ဖြင့်သာ စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်ပါမည်။

၅၊၆။ အသုံးပြုသူများ၏ သတင်းအချက်အလက်များကို အကာအကွယ်ပြုလုပ်ရန်အတွက် သေချာစေမည့် စီမံချက်များဖြင့် ကုန်သည်မှ အကောက်အထည်ဖော်ဆောင်ရွက်ပါမည်။

၅၊၇။ ကမ္ဘောဇဘဏ်၏ ကုန်အမှတ်တံဆိပ်ဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း ကုန်သည်မှ တရားဝင်ခွင့်ပြုသည့် POSM များကို ပေါ်လွင်ထင်ရှားစွာဖြင့် ခင်းကျင်းပြသပါမည်။ ကမ္ဘောဇဘဏ်အား ကုန်သည်မှ ကတိကဝတ်ပြုသည်မှာ ကမ္ဘောဇဘဏ်မှ ပြုလုပ်မည်ဖြစ််သော အရောင်းမြှင့်တင်းရေးဆိုင်ရာ/ကြော်ငြာခြင်းဆိုင်ရာ အစီအစဉ်များ အားလုံးတို့အား ကုန်သည်မှ လေးစားစွာဖြင့် မှန်မှန်ကန်ကန် လိုက်နာဆောင်ရွက်ပါမည်။

၅၊၈။ ကုန်သည်သည် ကမ္ဘောဇဘဏ်က အခါအားလျော်စွာ ပို့ချသော သို့မဟုတ် သင်ကြားသော သို့မဟုတ် သီးသန့်ဖိတ်ကြား၍ ဆောင်ရွက်သော သင်တန်းများရှိပါက အဆိုပါသင်တန်းများ ပြီးဆုံးသည်အထိ တက်ရောက်ပါမည်။

၅၊၉။ ကမ္ဘောဇဘဏ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြဌာန်းထားသော ညွှန်ကြားချက်များ၊ အမိန့်စာများ၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ကိုင်သူများ လိုက်နာကျင့်သုံးရန် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ KYC/CFT/AML နှင့် အခြား Corporate Due Diligence မူဝါဒများကို ချမှတ်ကျင့်သုံးသွားမည်ဖြစ်ပြီး စီးပွားဘက်ကုန်သည်က အဆိုပါမူဝါဒများအတိုင်း လိုက်နာစောင့်ထိန်း ပါမည်။ ထို့ပြင် မည်သည့် ယုံမှားသံသယဖြစ်ပွားဖွယ်ရှိသည့် လှုပ်ရှားဆောင်ရွက်မှုများနှင့် ပတ်သတ်၍မဆို ကမ္ဘောဇဘဏ်အား ချက်ချင်းအကြောင်းကြားပါမည်။ အသုံးပြုသူ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံသည့် လုပ်ငန်းစဉ်များအား ကုန်သည်မှ လေးစားလိုက်နာခြင်း မရှိသဖြင့် ဖြစ်ပွား ပေါ်ပေါက်လာမည်ဖြစ်သော မည်သည့် ဆုံးရှုံးထိခိုက်မှုများကိုမဆို ကမ္ဘောဇဘဏ်မှ ဥပဒေအရတာဝန်ရှိခြင်း မရှိစေရ။

၅၊၁၀။ ကမ္ဘောဇဘဏ်၏ စံချိန်စံညွှန်းများအတိုင်း စောင့်ကြည့်စစ်ဆေးသော လုပ်ငန်းများကို လေးစားလိုက်နာခြင်း ရှိရန်နှင့် ကုန်သည်၏ အဆောက်အအုံနှင့် ယင်းဥပစာ အတွင်းသို့ ဝင်ရောက်၍ စစ်ဆေးရာတွင်ကမ္ဘောဇဘဏ်နှင့် ၄င်း၏ မိတ်ဖက်များကို ကုန်သည်မှ ခွင့်ပြုရမည်။ ကုန်သည်မှ သဘောတူ ခွင့်ပြုသည်မှာ ကမ္ဘောဇဘဏ်တွင် ဝင်ရောက်စစ်ဆေးခွင့်နှင့် ကုန်သည်၏ စာရွက်စာတမ်း မိတ္တူများကို ရယူခြင်းနှင့် စစ်ဆေးပိုင်ခွင့် ကမ္ဘောဇဘဏ်တွင် ရှိကြောင်း သဘောတူပါသည်။ အာဏာ အပ်နှင်းထားသော အဖွဲ့အစည်းများသို့ အစီရင်ခံရန် တာဝန်ဝတ္တရားရှိသည့် အတိုင်း လိုအပ်ချက်များအရ ကမ္ဘောဇဘဏ်မှ အခါအားလျော်စွာ တောင်းဆိုလာသော သတင်းအချက်အလက်များကို ကုန်သည်မှ ကမ္ဘောဇဘဏ်သို့ မကြာခဏ ပေးအပ်သွားပါမည်။ (သို့မဟုတ်) ယခုသဘောတူညီချက်အရ လိုအပ်သည်ဟု ယူဆသောလုပ်ငန်းဆောင်တာများကို လုပ်ကိုင်ဆောင်ရွက် နိုင်ရန် ကမ္ဘောဇဘဏ်ကအကျိုးသင့်အကြောင်းသင့် လိုအပ်သော မည်သည့် သတင်းအချက်အလက်များကိုမဆိုဖြစ်စေ ပေးအပ်သွားပါမည်။ သတင်းအချက်အလက်များကို တောင်းဆိုထားသည့် အချိန်အတိုင်းအတာအတွင်းနှင့် သတ်မှတ်ထား သော ပုံစံအတိုင်း ပေးပို့ပါမည်။

၅၊၁၁။ ကုန်သည်များအတွက်ချမှတ်ထားသည့် စံချိန်စံညွှန်းများ၊ မူဝါဒများနှင့် လုပ်ငန်းစဉ်များအတိုင်း ကုန်သည်မှ တိတိကျကျ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပြီး ငွေပေးချေခြင်းဝန်ဆောင်မှုနှင့်ပတ်သက်၍လည်း KBZPay အသုံးပြုသူ စံချိန်စံညွှန်းများ၊ မူဝါဒများနှင့် လုပ်ငန်းစဉ်များအတိုင်း ကုန်သည်မှ တိတိကျကျ ထိန်းသိမ်းလိုက်နာ၍ စီမံခန့်ခွဲဆောင်ရွက်ပါမည်။

၅။၁၂။ Transaction ပြုလုပ်ရာတွင် အောင်မြင်သည်ဖြစ်စေ သို့မဟုတ် မအောင်မြင်သည်ဖြစ်စေ ဖြစ်ပွားပေါ်ပေါက်လာသော အငြင်းပွားမှုတစ်စုံတစ်ရာ ရှိလာပါက ကုန်သည်မှ အခြေအနေနှင့်ပတ်သတ်၍ ကမ္ဘောဇဘဏ်သို့ ထုတ်ဖော်ပြောကြား ရမည်။ ကမ္ဘောဇဘဏ်မှ ၄င်း၏တစ်ဦးတည်း ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်အရ အတည်ပြုစစ်ဆေးပေးပြီးသည်နှင့် တစ်ပြိုင်နက် လျော်ကန်သော လုပ်ဆောင်ချက်ကို အဆုံးအဖြတ်ပေးမည်ဖြစ်သည်။ ကုန်သည်မှ ကမ္ဘောဇဘဏ်၏ သတ်မှတ်ထားသော လုပ်ငန်းလုပ်ဆောင်ရန်လုပ်ထုံလုပ်နည်းများနှင့် စံချိန်စံညွှန်းများကို လိုက်ပါဆောင်ရွက်ရန် ပျက်ကွက်ရာမှ ဖြစ်ပွားပေါ်ပေါက်လာသော အဆိုပါအငြင်းပွားဖွယ် Transaction များကြောင့် ဖြစ်ပေါ်လာမည့် မည်သည့် ကုန်ကျစရိတ်ကိုမဆို သို့မဟုတ် ဆုံးရှုံးခြင်းများကိုမဆို ကုန်သည်မှ ဥပဒေအရတာဝန်ရှိမည်ဖြစ်သည်။

၅၊၁၃။ ကုန်သည်အနေဖြင့် ကမ္ဘောဇဘဏ်မှ သတ်မှတ်ထားသော အကန့်အသတ်အတိုင်း၊ နေ့စဉ် Transaction အကန့်အသတ် နှင့် လစဉ် Transaction အကန့်အသတ်များ အပါအဝင် သက်ဆိုင်ရာ Transaction အမျိုးအစား တစ်ခုချင်းစီအလိုက် သတ်မှတ်ထားသော Transaction အကန့်အသတ်အတိုင်း အပြည့်အဝလိုက်နာ ဆောင်ရွက်ပါမည်။

၅၊၁၄။ ကမ္ဘောဇဘဏ်မှ ကြိုတင်၍ အကြောင်းကြားထားသော သဘောတူခွင့်ပြုချက် ရေးသားစာမရှိပါက ကုန်သည်အနေဖြင့် ယခုသဘောတူညီချက်အား လုပ်ငန်းလက်ဆင့်ကမ်းခွဲဝေခြင်း မပြုလုပ်စေရ။

၅၊၁၅။ ကမ္ဘောဇဘဏ်က သတ်မှတ်ထားရှိသော အဖိုးအခ သို့မဟုတ် ကော်မရှင်ခ သို့မဟုတ် ဝန်ဆောင်ခများမှလွဲ၍ ကုန်သည်သည် ကမ္ဘောဇဘဏ် က သတ်မှတ်ထားခြင်းမရှိသော သို့မဟုတ် ခွင့်ပြုမထားသော သို့မဟုတ် မူလသတ်မှတ်ဈေးနှုန်းများတွင် အပိုထပ်ဆောင်း၍လည်းကောင်း အခြား မည်သည့်အဖိုးအခများကိုမဆို ထပ်ဆောင်းကောက်ခံခြင်း မပြုလုပ်ရန် သဘောတူပါသည်။

၅၊၁၆။ ကမ္ဘောဇဘဏ်၏ နာမည်ကောင်း ဂုဏ်သတင်းနှင့်ပုံရိပ်အား ကာကွယ်ရန် သင့်တော်သော လုပ်ဆောင်ချက်များ အားလုံးကို ကုန်သည်မှ လုပ်ဆောင်ရမည်။

၅၊၁၇။ မည်သည့် လိမ်လည်မှု သို့မဟုတ် သံသယဖြစ်ဖွယ် လုပ်ဆောင်ချက်များ အားလုံးနှင့် ပတ်သတ်၍ သိလျှင် သိခြင်း ကမ္ဘောဇဘဏ် သို့ ကုန်သည်မှ ချက်ချင်းအကြောင်းကြားရမည်။ ထို့ပြင် ကုန်သည်အနေဖြင့်လည်း တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်၍ ဖြစ်စေ ပါဝင်ပတ်သတ်မှုရှိခြင်း (သို့မဟုတ်) တမင်တကာ မဆင်မခြင်လုပ်ဆောင်ခြင်း သို့မဟုတ် ပေါ့ဆစွာဖြင့် အခြားသူ မည်သူကိုမဆို ထိုကဲ့သို့ အတုအယောင်ပြုလုပ်သည့် ကိစ္စရပ်များတွင် ပါဝင်ပတ်သတ်စေခြင်းများ ပြုလုပ်မှု မရှိစေရ။ ကုန်သည်သည် သိလျက်ဖြစ်စေ သို့မဟုတ် မသိဘဲဖြစ်စေ လိမ်လည်မှုလုပ်ငန်းများ သို့မဟုတ် မသမာသောလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုရှိ၍ သက်ဆိုင်ရာအာဏာပိုင်များ၏ တည်ဆဲဥပဒေများနှင့် စည်းမျဉ်းများအတိုင်း အရေးယူဆောင်ရွက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ကုန်သည်၏ မည်သည့်ငွေကြေး တစ်စုံ တစ်ရာ ဆုံးရှုံးမှု သို့မဟုတ် ပျက်စီးဆုံးရှုံးမှုများအတွက် ကမ္ဘောဇဘဏ်က တာဝန်မရှိသည်ကို ကုန်သည်မှ သိရှိနားလည်သဘောတူပါသည်။ ကုန်သည်ကိုယ်တိုင်ဖြစ်စေ၊ ၎င်း၏အခွင့်အာဏာရရှိထားသူ ကဖြစ်စေ သို့မဟုတ် အခြားမည်သူ တစ်ဦး တစ်ယောက်မဆိုကဖြစ်စေ၊ ကုန်သည်ကသိလိုက်သည်ဖြစ်စေ သို့မဟုတ် မသိလိုက်သည်ဖြစ်စေ သို့မဟုတ် သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ ကုန်သည် ဖြစ်သူ၏ KBZPay Partner Wallet ဖြင့် ဆောင်ရွက်သည့် Transaction မှန်သမျှအတွက် ကုန်သည်တစ်ဦးတည်းတွင်သာ တာဝန်ရှိကြောင်း သိရှိနားလည်ပါသည်။

၅၊၁၈။ ကုန်သည်၏ ဒါရိုက်တာများ၊ ဝန်ထမ်းများ၊ ထပ်ဆင့်စာချုပ်ချုပ်ဆိုကြသူများ၊ အေးဂျင့်များ သို့မဟုတ် အခြား တတိယပါတီ လူပုဂ္ဂိုလ်များ သို့မဟုတ် ကုန်သည်၏ ကိုယ်စားလှယ်များအပါအဝင်မည်ဖြစ်ပြီး ကုန်သည်သည် မြန်မာနိုင်ငံရှိ ပြဋ္ဌာန်းထားသော သက်ဆိုင်သည့် ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ နှင့် ပြဋ္ဌာန်းဥပဒေ လိုအပ်ချက်များအရ (သို့မဟုတ်) နိုင်ငံ၏ စည်းမျဉ်းစည်းကမ်းများအား ယခုစာချုပ်သက်တမ်းအတွင်း အချိန်ပြည့် လိုက်နာဆောင်ရွက်ရမည်။ ကုန်သည်အနေဖြင့် သိရှိသည်မှာ သဘောတူညီချက် (သို့မဟုတ်) ခွင့်ပြုချက်များ ရယူရန် အတွက် သက်ဆိုင်ရာ ဥပဒေများ၏ အောက်တွင် တည်ရှိသော စည်းကမ်းသတ်မှတ်ချက်များအတိုင်း ဖြစ်စေရန်အတွက် ထိရောက်သော အကောက်အထည်ဖော်ဆောင်ရွက်ခြင်းများ အတွက်လည်းကောင်း၊ ကုန်သည်တစ်ဦးတည်းတွင်သာ တာဝန်ရှိမည်ဖြစ်ပြီး မည်သို့သော အခြေအနေမျိုးတွင်မဆို ထိုကဲ့သို့သော သဘောတူညီချက်နှင့် ခွင့်ပြုချက်များ ရရှိဆောင်ရွက်ခြင်းအတွက် ကမ္ဘောဇဘဏ်တွင် တာဝန်ရှိသည်ဟု မှတ်ယူခြင်းမရှိစေရ။

၅။၁၉။ အသုံးပြုသူအတွက် ပေးအပ်သော Transaction ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းကိစ္စအဝဝတို့ဖြစ်သည့် အဖိုးအခ၊ အမှာစာလက်ခံခြင်း၊ အမှာစာပေးပို့ခြင်း၊ ငွေပြန်အမ်းခြင်းများ၊ ပစ္စည်းပြန်လဲလှယ်ခြင်းများနှင့် ပြင်ဆင်ညှိနှိုင်းခြင်းများ၊ ပေးရန်တန်ဖိုးအပေါ် ပြန်အမ်းငွေများ၊ အာမခံခြင်း၊ နည်းပညာဆိုင်ရာ အထောက်အကူနှင့် ဝန်ထမ်းများ၊ မူဝါဒများ သို့မဟုတ် လုပ်ငန်းစဉ်များ အပါအဝင် အကြံပြုချက် စသည်တို့အပေါ်တွင် ဖြစ်ပေါ်လာမည့် ကုန်ကျစရိတ်များအားလုံး နှင့်/သို့မဟုတ် သက်ဆိုင်ရာ အဖိုးကျသင့်ငွေများမှာ ကုန်သည်တွင်သာ အပြည့်အဝတာဝန်ရှိမည််ဖြစ်သည်။

၅၊၂၀။ ကုန်သည်သည် အောက်ပါအချက်အလက်များကို ဖတ်ရှုနားလည်ပြီး သိရှိလိုက်နာကျင့်သုံးရန်သဘောတူပါသည်။


(က) ရိုးသားဖြောင့်မတ်ခြင်း၊ ဂုဏ်သိက္ခာရှိခြင်းနှင့် နာမည်ကောင်းရှိခြင်း

ကုန်သည်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နယ်နိမိတ်အတွင်းတွင်ဖြစ်စေ နယ်နိမိတ် ပြင်ပအခြား နိုင်ငံများတွင်ဖြစ်စေ

● တရားဝင်အာဏာပိုင်အဖွဲ့အစည်း၊ တရားရုံး သို့မဟုတ် ခုံရုံးက စည်းကမ်းပိုင်းဆိုင်ရာ သို့မဟုတ် ပြစ်မှုကြောင်းအရ စုံစမ်းစစ်ဆေးခြင်း၊ တရားစွဲဆိုခံရဖွယ်ရှိခြင်း သို့မဟုတ် တရားရင်ဆိုင်နေရခြင်း၊

● အစိုးရ သို့မဟုတ် အစိုးရအဖွဲ့အစည်းတစ်ရပ်က ချမှတ်ထားသည့် သတ်မှတ်ချက်များနှင့် စံနှုန်း/ ဥပဒေ တစ်ရပ်ရပ်ကို ချိုးဖောက်ခြင်း၊

● အခြားမမှန်ကန်သော (ဥပဒေအရ တရားဝင်ဖြစ်စေ တရားမဝင်ဖြစ်စေ) အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ပတ်သတ်နေခြင်း၊

● လိုင်စင်ပြန်လည်ရုပ်သိမ်းခြင်း၊ ဖယ်ရှားခြင်း သို့မဟုတ် ရပ်စဲခြင်းတို့ အပြုခံရသော စီးပွားရေးအဖွဲ့အစည်းများ တွင် ပိုင်ဆိုင်မှုရှိခြင်း သို့မဟုတ် ဆက်နွယ်မှုရှိခြင်း၊

● အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခဖြစ်စေနိုင်သော သို့မဟုတ် အနှောင့်အယှက်ဖြစ်စေနိုင်သော စီးပွားရေးလုပ်ငန်းများ တွင် ဆက်စပ်မှုရှိနေခြင်း၊


(ခ) လုပ်ရည်ကိုင်ရည်နှင့် စွမ်းဆောင်နိုင်ရည်ရှိခြင်း

ကုန်သည်သည်

● မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများတွင် ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်နိုင်ရန် သင့်လျော်သည့် အရည်အချင်း၊ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများကို ပိုင်ဆိုင်ပါသည်။

● ငွေရေးကြေးရေးဆိုင်ရာကိစ္စရပ်များကို လျော်ကန်သင့်မြတ်စွာ စီမံခန့်ခွဲနိုင်ပါသည်။

● ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ စံသတ်မှတ် ချက်များနှင့် လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ပြီး မိမိ၏ ကုန်သည် Partner App နှင့် လုပ်ဆောင်ထားရှိမှု Transaction အဝဝ အပေါ် ဥပဒေအရ ကုန်သည်တစ်ဦးတည်းက တာဝန်ယူ ပါသည်။


(ဂ) ငွေရေးကြေးရေးခိုင်မာတောင့်တင်းခြင်း

ကုန်သည်သည်

● ကမ္ဘောဇဘဏ်၏ တရားဝင်ကုန်သည်အဖြစ် လုပ်ကိုင်နိုင်ရန် လုပ်ငန်းနှင့် သင့်လျော်သည့် ငွေရေးကြေးရေး ပြည့်စုံမှုရှိပါသည်။

● ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နယ်နိမိတ်အတွင်းတွင်ဖြစ်စေ၊ နယ်နိမိတ်ပြင်ပ အခြားနိုင်ငံ များတွင်ဖြစ်စေ ကြွေးမြီပေးဆပ်ရန် တရားရုံးက ဆုံးဖြတ်ချက်ချမှတ်ခံရခြင်း သို့မဟုတ် လူမွဲ အဖြစ်ခံယူရန် တရားစွဲဆိုခံနေရခြင်းမရှိပါ။


(ဃ) လုပ်ငန်းမှတ်ပုံတင်ရန်လိုအပ်ခြင်း

ကုန်သည်သည်

● ကမ္ဘောဇဘဏ်၏ တရားဝင်ကုန်သည်အဖြစ် လုပ်ငန်းလုပ်ကိုင်ရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်နှင့် အစိုးရဌာနများတွင် လုပ်ငန်းမှတ်ပုံတင်ထားရှိပါသည်။

● အကယ်၍ လုပ်ငန်းမှတ်ပုံတင်မရှိလျှင်သော်လည်းကောင်း၊ အကြောင်းကြောင်းကြောင့် လိုအပ်သော လုပ်ငန်းမှတ်ပုံတင်ကိုမရရှိသေးလျှင်သော်လည်းကောင်း ဖြစ်ပေါ်ပေါက်လာသည့် နောက်ဆက်တွဲ အကြောင်းကိစ္စများကို မိမိ တစ်ဦးတည်းအနေဖြင့် တာဝန်ယူဖြေရှင်းပေးပါမည်။

၅။၂၁။ ကုန်သည်သည် MMQR စံနှုန်းများနှင့်အညီ ပြုလုပ်ထားသော Digital Wallet များကို အသုံးပြု၍ MMQR အပါအဝင် "QR ကုဒ် ငွေပေးချေ-ငွေလက်ခံ" ဝန်ဆောင်မှုများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်တွက် လိုအပ်သော စက်ကိရိယာများသည် ကောင်းမွန်သည့်အခြေအနေတွင် ထားရှိရန် တာဝန်ယူပါသည်။

၅။၂၂။ ကုန်သည်သည် MMQR အပါအဝင် "QR ကုဒ် ငွေပေးချေ-ငွေလက်ခံ" ဝန်ဆောင်မှု များနှင့်ပတ်သက်၍ လုံခြုံရေးအရဖြစ်စေ၊ ဥပဒေများ၊ စည်းမျဉ်းများအရဖြစ်စေ၊ လုပ်ထုံး လုပ်နည်းအရဖြစ်စေ လိုအပ်၍ လုပ်ငန်းစံနှုန်းများ ဆိုင်ရာ အပြောင်းအလဲများဖြစ်ပေါ်ပါက ဆက်လက်လိုက်နာမှုနှင့် စည်းကမ်းလိုက်နာမှုသေချာစေရန် လိုအပ်သော ပြောင်းလဲမှုများကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သည်။


၆။ စျေးနှုန်း ဖွဲ့စည်းတည်ဆောက်ပုံ

ကုန်သည်သည် ၎င်း၏ KBZPay Partner Wallet တွင် လုပ်ဆောင်သော Transaction များအပေါ်လိုက်၍ ကမ္ဘောဇဘဏ် ထံ MDR ပေးရန် သဘောတူပါသည်။ ကမ္ဘောဇဘဏ်သည် Commission & Fees Structure (ကော်မရှင်ခနှင့်ဈေးနှုန်းပုံစံ)ကို မိမိ၏ တစ်ဦးတည်းသဘောဖြင့် ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး အခါအားလျော်စွာ ပြင်ဆင် ပြောင်းလဲသတ်မှတ်ခွင့်ရှိပါသည်။ ထိုသို့ပြင်ဆင်လိုက်သော Commission & Fees Structure (ကော်မရှင်ခနှင့် ဈေးနှုန်းပုံစံ) သည် ချက်ခြင်း သို့မဟုတ် ကမ္ဘောဇဘဏ်က သတ်မှတ်ထားရှိသော နေ့ရက်မှ စတင်၍ အသက်ဝင်မည် ဖြစ်ကြောင်း သိရှိနားလည်ပါသည်။ ကမ္ဘောဇဘဏ်က သတ်မှတ်ထားသော Commission & Fees Structure (ကော်မရှင်ခနှင့် ဈေးနှုန်းပုံစံ) ကို KBZPay Partner Wallet တွင်ရှိသော "ကန့်သတ်ချက်နှင့် အခကြေးငွေဇယား" တွင် အချိန်နှင့် တစ်ပြေးညီ ဝင်ရောက်ကြည့်ရှုစစ်ဆေးနိုင်ပါသည်။


၇။ Digital Wallet ဖြင့်ပေးချေမှုပြုလုပ်ခြင်း

ကုန်သည်၏အရောင်းဆိုင်များ၊ ဆိုင်ခွဲများနှင့် တရားဥပဒေနှင့်အညီ မှတ်ပုံတင်ထားရှိသော ရောင်းဝယ်ဖောက်ကားမှုနေရာများတွင် MMQR စံနှုန်းများနှင့်အညီ ပြုလုပ်ထားသော အသုံးပြုသူများ၏ Digital Wallet များမှ ငွေပေးချေမှုများမှုပြုလုပ်နိုင်ရန်အတွက် ကမ္ဘောဇဘဏ်၏ စနစ်သည် အထောက်အကူ အဖြစ် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းကို သိရှိနားလည်ပါသည်။ ကုန်သည်သည် အသုံးပြုသူများကို ကောက်ယူမည့် အဖိုးအခများတွင် အခွန်အခများ အားလုံးနှင့် အခြားသော အထွေထွေ အဖိုးအခများကို တစ်ပါတည်း ကောက်ခံရမည်ဖြစ်ကာ အသုံးပြုသူများအားလုံးအတွက် တပြေးညီကောက်ခံ သွားရမည် ဖြစ်သည်။


၈။ TRANSACTION ပြုလုပ်သည့် သက်သေအထောက်အထား

အသုံးပြုသူများနှင့် အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက မည်သည့်ကုန်သည်မဆို ၎င်း၏ Digital Wallet တွင် ပြုလုပ်ထားသော Transaction ပြုလုပ်သည့် သက်သေ အထောက်အထားများကို ကမ္ဘောဇဘဏ်ထံ လိပ်မူ၍ တောင်းဆိုလာပါက တောင်းဆိုမှုကိုရရှိပြီးနောက် အလုပ်လုပ်ရက် (၁၀)ရက်အတွင်း ကုန်သည်၏ ဖွင့်လှစ်ထားသော အီးမေးလ်သို့ ပေးပို့သွားပါမည်။ မမှန်ကန်သည့် Transaction ကိစ္စရပ်များရှိပါက ကမ္ဘောဇဘဏ်သည် ကုန်သည်၏ KBZPay Partner Wallet မှ ငွေကြေးပြန်လည်ကောက်ခံမှုများကို အောက်ဖော်ပြပါ အခြေအနေများတွင် ပြုလုပ်သွားပါမည်။

၈၊၁။ အသုံးပြုသူက မည်သည့်အကြောင်းကြောင်းကြောင့်ဖြစ်စေ ပြုလုပ်လိုက်သော Transaction အတွက် ခွင့်ပြုချက်ကို ငြင်းပယ်ခြင်းနှင့် အလားတူကိစ္စရပ်များ၊

၈၊၂။ တရားဝင်ထုတ်ပြန်ထားရှိသော ဥပဒေအကြောင်းအရာနှင့် ဆန့်ကျင်သော မည်သည့် အကြောင်း ပြချက်များမဆိုနှင့် အတည်မပြုနိုင်သော အကြောင်းပြချက်များ၊

၈၊၃။ ကမ္ဘောဇဘဏ်၏ စံလုပ်ငန်းစဉ်အဆင့်ဆင့်အတိုင်း လုပ်ကိုင်ထားခြင်းမရှိသော ကိစ္စရပ်များ၊

၈၊၄။ အကယ်၍ ကမ္ဘောဇဘဏ်၏ စနစ်တစ်စုံတစ်ရာချို့ယွင်းမှုကြောင့် ကုန်သည်က ပြုလုပ်ထားသော Transaction ကို ပြီးမြောက်မှုမရှိစေဘဲ ကုန်သည်၏ KBZPay Partner Wallet လက်ကျန်ငွေစာရင်းမှ နှုတ်ယူခြင်း စသည် ကိစ္စရပ်များပေါ်ပေါက်ပါက လုံလောက်သော အထောက်အထားများဖြင့် ကုန်သည်သည် ကမ္ဘောဇဘဏ်ထံ တင်ပြလာပြီးနောက်တွင် ကမ္ဘောဇဘဏ်သည် မိမိ၏စနစ်ကို ပြန်လည်စစ်ဆေးပြီး ကုန်သည်ကို ထိခိုက်နစ်နာမှု မရှိစေရန် တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်သည်။


၉။ မခိုင်လုံသော TRANSACTION များ

Transaction ကိစ္စရပ်တစ်ခုသည် မခိုင်လုံသောအခြေအနေအဖြစ် အောက်ပါအခြေအနေများတွင် သတ်မှတ်မည်ဖြစ်သည်။

၉၊၁။ ကမ္ဘောဇဘဏ်စနစ်တွင် တရားမဝင်သော (သို့မဟုတ်) ပြီးမြောက်မှုမရှိသော Transaction အဖြစ် မှတ်တမ်း ရှိလျှင် (သို့မဟုတ်)

၉၊၂။ Transaction ပြုလုပ်ရာတွင် ကုန်သည်၏ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအတွက် အသုံးပြုသူထံ သာမန်စျေးနှုန်း များထက် ပိုမိုကောက်ခံရရှိထားသော အဖိုးအခကောက်ခံခြင်းများ၊

၉၊၃။ ကုန်သည်၏ကိုယ်စား အခြားသောအဖွဲ့ဝင် သို့မဟုတ် ကုန်သည်ခွဲများကို (ကမ္ဘောဇဘဏ်၏ ကြိုတင်ခွင့်ပြုချက်ရယူထား ခြင်းမရှိဘဲ) ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ပေးအပ်ရန် တာဝန်ပေးခြင်း၊

၉၊၄။ ကုန်သည်မှ ယခုသဘောတူညီချက်အား လိုက်နာရန်ပျက်ကွက်ခြင်း၊


၁၀။ တားမြစ်ထားသည့်လုပ်ဆောင်ချက်များ

ကုန်သည်အနေဖြင့် မပြုလုပ်ရမည်မှာ -

၁၀၊၁။ မည်သည့်ဘဏ်ဝန်ဆောင်မှုမျိုးကိုမဆို ယခုသဘောတူညီချက်ပါ အထူးခွင့်ပြုထားချက်များအတိုင်းမဟုတ်ဘဲ ပေးအပ် ခြင်း၊

၁၀၊၂။ အသုံးပြုသူများ၏ စာရင်းအသေးစိတ်နှင့်အသုံးပြုသူများ၏ ပုဂ္ဂလိကသက်သေခံနံပါတ် (PIN) အပါအဝင် ကိုယ်ရေး အချက်အလက်များကို တောင်းဆိုခြင်း၊

၁၀၊၃။ KBZPay ဖြင့် ပေးဆောင်သော အသုံးပြုသူများကို အပိုကြေး ထပ်ဆောင်းကောက်ခံခြင်း။

၁၀၊၄။ ကာမရာဂစိတ်ဖြစ်စေရန် ရေးသားပြသမှုများကို ရောင်းချခြင်း သို့မဟုတ် ဖြန့်ဖြူးရောင်းချခြင်း၊

၁၀၊၅။ မည်သည့်လောင်းကစားနှင့်သက်ဆိုင်သော ဝန်ဆောင်မှုမျိုးကိုမဆို ပံ့ပိုးပေးခြင်း၊

၁၀၊၆။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ရောင်းဝယ်ဖောက်ကားခြင်း၊

၁၀၊၇။ ထုတ်ကုန်အတုများအား ကုန်သွယ်ခြင်း၊ ပုံတူများ သို့မဟုတ် ခွင့်ပြုချက်မရှိဘဲ မူပိုင်ခွင့် မီဒီယာနှင့် ဆော့ဖ်ဝဲလ်ကို ဖြန့်ဖြူးခြင်း၊

၁၀၊၈။ လက်နက်များနှင့် ခဲယမ်းမီးကျောက်များ ရောင်းဝယ်ခြင်း၊

၁၀၊၉။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုချက်ထားခြင်းမရှိသော Cryptocurrencies များကို ကုန်သွယ်မှုပြုခြင်း။


၁၁။ လွှဲပြောင်းခြင်းလုပ်ငန်းစဉ်ကို ခေတ္တရပ်ဆိုင်းခြင်း

ကမ္ဘောဇဘဏ်သည် ကုန်သည်မှ ဤသဘောတူညီချက်နှင့် မကိုက်ညီသည့် Transactions များကို လွှဲပြောင်းပေးကြောင်း အချိန်မရွေး အခါအားလျော်စွာ ဆုံးဖြတ်ပါက သို့မဟုတ် ကျိုးကြောင်းဆီလျော်စွာ ယုံကြည်ပါက သို့မဟုတ် သံသယဖြစ်ဖွယ်ရှိ သော Transaction ဖြစ်သည်ဟု ယူဆသည့်အခါမျိုးတွင် ကမ္ဘောဇဘဏ်အနေဖြင့် ဤသဘောတူညီချက်အရ ခွင့်ပြုထားသည့် အခြားသောအရေးယူဆောင်ရွက်မှုတစ်ခုခုကို လုပ်ဆောင်ခြင်းအပြင် ကုန်သည်မှ ကမ္ဘောဇဘဏ်သို့ ပေးသွင်းထားသည့် မည်သည့် Transaction မှန်သမျှ သို့မဟုတ် အားလုံးကို ကုန်သည်ထံပေးချေခြင်းအတွက် လုပ်ငန်းစဉ် အားလုံးကို ဤသဘောတူညီချက်နှင့် ကိုက်ညီသော Transaction များဖြစ်သည်ဟု ကမ္ဘောဇဘဏ် ကျေနပ်လောက်သော သက်သေခံအဖြစ် ကုန်သည်မှပေးသည့် အချိန်အထိ ခေတ္တရပ်ဆိုင်းထားရမည် ဖြစ်သည်။


၁၂။ ကုန်သည်၏ KBZPAY ACCOUNT နှင့်ပတ်သက်သောလုပ်ပိုင်ခွင့်

၁၂၊၁။ ကုန်သည်၏ KBZPay Partner Account နှင့်စပ်လျဉ်းသည့် Transaction တိုင်းသည် ကုန်သည်မှဖြစ်စေ၊ ကုန်သည်၏ ခွင့်ပြုချက်ရရှိထားသူမှဖြစ်စေ လုပ်ဆာင်ခြင်း သို့မဟုတ် အခြားလူပုဂ္ဂိုလ်တစ်ဦးဦးမှ ကုန်သည်၏ သိရှိမှုဖြင့်ဖြစ်စေ သို့မဟုတ် သဘောတူညီချက်ဖြင့်ဖြစ်စေ သို့မဟုတ် သဘောတူညီချက်မရှိဘဲဖြစ်စေ လုပ်ဆောင်သည့် Transaction တိုင်း အတွက် ကုန်သည်တွင် တာဝန်ရှိမည်ဖြစ်သည်။

၁၂၊၂။ Transactionတစ်ခုတွင် ပါဝင်သော အချက်အလက်အားလုံးသည် ပြည့်စုံမှု၊ တိကျပြီး မှန်ကန်ကြောင်း သေချာစေရန် ကုန်သည်တွင် တာဝန်ရှိသည်။


၁၃။ ငွေသွင်းငွေထုတ်မရှိသောစာရင်းဆိုင်ရာမူဝါဒ

၁၃၊၁။ ကုန်သည်သည် နှစ်ဆယ့်လေး (၂၄) လနှင့်အထက်ကာလအတွင်း မည်သည့်ငွေသွင်း/ငွေထုတ်ခြင်းကိုမျှ မပြုလုပ်သော ကြောင့် ငွေသွင်းငွေထုတ်မရှိသော ကုန်သည်များ၏ KBZPay Partner Account များကို ငွေအဝင်အထွက် လုပ်ဆောင်မှု ရှိသည့်စာရင်းမှ ငွေသွင်းငွေထုတ်မရှိသောစာရင်းအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ပြီး ကုန်သည်သည် ၎င်း၏ KBZPay Partner Account အား အသုံးပြု၍ရနိုင်တော့မည်မဟုတ်ပါ။ ကမ္ဘောဇဘဏ်သည် အနည်းဆုံး လက်ကျန်ငွေ “၀” ဖြစ်နေသည့် ကုန်သည်၏ ငွေသွင်းငွေထုတ်မရှိသောစာရင်းများအား ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ပိတ်သိမ်းခြင်းတို့အား ကုန်သည်အား ကြိုတင်အသိပေးအကြောင်းကြားခြင်းမရှိဘဲ ပြုလုပ်ပိုင်ခွင့်ရှိမည်ဖြစ်သည်။ ကုန်သည်၏ KBZPay Partner Accountကို ပိတ်သိမ်းလိုက်သည်နှင့်တစ်ပြိုင်နက် ကုန်သည်အား အသိပေးအကြောင်းကြားခြင်းဖြင့်ဖြစ်စေ သို့မဟုတ် အသိပေး အကြောင်းမကြားဘဲဖြစ်စေ ကုန်သည်အားပေးသည့် ဤဝန်ဆောင်မှုများသည် အလိုအလျောက် ရပ်စဲသွားမည် ဖြစ်သည်။

၁၃၊၂။ ကမ္ဘောဇဘဏ်သည် ငွေသွင်းငွေထုတ်မရှိသောစာရင်းများအပေါ် စာရင်းထိန်းသိမ်းခအဖြစ် တစ်လလျှင် သတ်မှတ်နှုန်းထား တစ်ခုသတ်မှတ်၍ ကောက်ခံသွားမည် ဖြစ်သည်။ ထိုထိန်းသိမ်းခအား ငွေသွင်းငွေထုတ်မရှိသောစာရင်း ဖြစ်နေသည့် ကာလတစ်လျှောက် ကုန်သည်၏ ငွေသွင်းငွေထုတ်မရှိသော စာရင်းမှ လစဉ်နှုတ်ယူဖြတ်တောက်သွားမည် ဆိုသည်ကို ကုန်သည်မှ သိရှိလက်ခံသဘောတူပါသည်။ ကမ္ဘောဇဘဏ်မှ ငွေသွင်းငွေထုတ်မရှိသောစာရင်း ထိန်းသိမ်းခအား ဖြတ်တောက်ရန် လက်ကျန်ငွေပမာဏ မရှိတော့သည့် ငွေသွင်းငွေထုတ်မရှိသောစာရင်းများ သို့မဟုတ် လက်ကျန်ငွေ “၀” ထိ ရောက်ရှိ သွားသော ငွေသွင်းငွေထုတ်မရှိသောစာရင်းများအား ပိတ်သိမ်းခြင်းတို့ကို ဆောင်ရွက်ပိုင်ခွင့် ရှိမည်ဖြစ်သည်။ ကုန်သည်၏ ငွေသွင်းငွေထုတ်မရှိသောစာရင်းအား ပိတ်သိမ်းခြင်းမပြုမှီ အချိန်အထိ ကမ္ဘောဇဘဏ်သည် ကုန်သည်၏ ငွေသွင်း ငွေထုတ် မရှိသောစာရင်းအား ပြန်လည်အသက်သွင်းခွင့်ပြုမည် ဖြစ်သည်။

၁၃၊၃။ ငွေသွင်းငွေထုတ်မရှိသောစာရင်းပိုင်ရှင် ကုန်သည်များသည် ၎င်းတို့၏ ငွေသွင်းငွေထုတ်မရှိသောစာရင်းများကို ပြန်လည် အသက်သွင်းလိုပါက နီးစပ်ရာ ကမ္ဘောဇဘဏ်ခွဲများ သို့မဟုတ် KBZPay စင်တာများသို့ သွားရောက်၍ တောင်းဆိုချက် ပြုလုပ်ရမည်ဖြစ်ပြီး ကမ္ဘောဇဘဏ်မှ လိုအပ်၍တောင်းခံသော ကုန်သည်၏ KYC (သင်၏ဖောက်သည်ကိုသိပါ) ဆိုင်ရာ အချက်အလက်များအားလုံးကို ဖြည့်ဆည်းပေးရမည်ဖြစ်သည်။


၁၄။ အငြင်းပွားဖွယ်ရာTRANSACTION ပြုလုပ်ခြင်း

၁၄၊၁။ ကမ္ဘောဇဘဏ်မှ ကုန်သည်သို့ Transaction ပြုလုပ်ကြောင်း အတည်ပြုချက်ရရှိပြီးသည့် အချိန်၌သာ ကုန်သည်မှ အသုံးပြုသူသို့ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုများကို ပေးအပ်ရမည်ဖြစ်ပါသည်။

၁၄၊၂။ KBZPay မှ အတည်ပြုချက် မရရှိထားသော မည်သည့် Transaction ကိစ္စရပ်ကိုမဆို ကမ္ဘောဇဘဏ်အနေဖြင့် တာဝန်ယူမှု အလျဉ်းမရှိစေရ။

၁၄၊၃။ ဝန်ဆောင်မှု/ထုတ်ကုန် စသည်တို့၏ အရည်အသွေးနှင့်ပတ်သတ်၍ ဖြစ်ပွားလာသော အငြင်းပွားဖွယ်ရာကိစ္စရပ်မှန်သမျှ တို့သည် ကုန်သည်တစ်ဦးတစ်ယောက်တည်းတွင်သာ တာဝန်ရှိမည်ဖြစ်သည်။

၁၄၊၄။ အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက သို့မဟုတ် အသုံးပြုသူမှ ငြင်းပယ်သည့် မည်သည့် Transaction ကိုမဆို ကမ္ဘောဇဘဏ်မှ ကုန်သည်၏ KBZPay မှ နုတ်ယူသွားမည်ဖြစ်ပါသည်။ ကမ္ဘောဇဘဏ်မှ အသုံးပြုသူ ရရှိမည့်ကုစားမှု တစ်ခုပင်ဖြစ်သည်။

၁၄၊၅။ မည်သည့်အသုံးပြုသူမှ တောင်းဆိုသော မည်သည့်ငွေပြန်အမ်းခြင်း တောင်းဆိုချက်များမှာ ကုန်သည်၏ မူဝါဒအတိုင်း ဖြစ်သည်။ ကုန်သည်အနေဖြင့် အသုံးပြုသူများထံသို့ ငွေသား ငွေပြန်အမ်းခြင်းများ ကို မပြုလုပ်သင့်ဘဲ အားလုံးသော ငွေသားပြန်အမ်းခြင်းများအားလုံးအတွက် KBZPay မှတဆင့် အီလက်ထရွန်းနစ်စနစ်ကို အသုံးပြု၍သာ ပြုလုပ်ရမည်။


၁၅။ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် စီးပွားရေးအရေးယူမှုများ

၁၅၊၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် အချို့သောနိုင်ငံများတွင် ပြဌာန်းထားသော ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေများအရ ကမ္ဘောဇဘဏ်သည် လူပုဂ္ဂိုလ်အချို့ သို့မဟုတ် အဖွဲ့အစည်းများကို KBZPay Digital Wallet သို့ ဝင်ရောက်နိုင်ခြင်း မရှိစေရန်နှင့် Transactionများကို ပြီးမြောက် အောင် ပြုလုပ်နိုင်စွမ်းမရှိစေရန် တားမြစ်နိုင်သည်။

၁၅၊၂။ ကမ္ဘောဇဘဏ်သည် ၎င်း၏ငွေကြေးခဝါချမှုတိုက်ဖျက်ရေး သို့မဟုတ် အကြမ်းဖက်အဖွဲ့အစည်းများအား ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးနှင့် စီးပွားကုန်သွယ်မှုပိတ်ဆို့အရေးယူမှုများကို စီမံခန့်ခွဲရေး သို့မဟုတ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်အခြားသောဥပဒေနှင့်စည်းမျဉ်းများကိုမဆို ကိုက်ညီမှုရှိစေရေးအတွက် လိုအပ်သည့် သတင်းအချက်အလက်အားလုံးကို ကုန်သည်ကပေးအပ်ရမည်။

၁၅၊၃။ မည်သည့် Transaction မျိုးမဆိုအတွက်မဆို ကမ္ဘောဇဘဏ်ကဆောင်ရွက်ပေးသည့် လုပ်ငန်းစဉ်များသည် မြန်မာနိုင်ငံ၏ ဥပဒေများကိုသော်လည်းကောင်း၊ အခြားမည်သည့်နိုင်ငံမဆို၏ဥပဒေများကိုသော်လည်းကောင်း ချိုးဖောက်မှုမရှိ ကြောင်း ကုန်သည်က ထုတ်ဖော်ကြေညာပြီး တာဝန်ယူသည်။


၁၆။ ဒေတာအကာအကွယ်ပေးခြင်း

၁၆၊၁။ ကုန်သည်သည် ဤသဘောတူညီချက်အတိုင်း ပြုလုပ်သည့် Transaction ဆိုင်ရာ ဒေတာအားလုံးတို့အား လုံခြုံစိတ်ချမှု ရှိစေရန်နှင့် လုပ်ငန်းပိုင်းဆိုင်ရာ ဓလေ့ထုံးစံများအား လိုက်နာလိမ့်မည်ဖြစ်ကြောင်းနှင့် အခါအားလျော်စွာ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းမှချမှတ်ထုတ်ပြန်ထားသော မည်သည့် လမ်းညွှန်ချက်များကို မဆို လိုက်နာရမည်ဖြစ်သည်။ ဒေတာအကာအကွယ်ပြုလုပ်သော တာဝန်ဝတ္တရား၏ တစိတ်တပိုင်းအရ ကုန်သည်အနေဖြင့် KBZPay ၏ စစ်မှန်ကြောင်း သက်သေပြသည့် အထောက်အထား သတင်းအချက်အလက်များ (PIN/OTP) ကို သိမ်းဆည်းထားခြင်း မပြုလုပ်ရ။ ကုန်သည်မှ အသိအမှတ်ပြု၍ လိုက်နာရမည်မှာ အသုံးပြုသူများ၏ KBZPay ဆိုင်ရာ မည်သည့် အထောက် အထားများတွင်မဆို သိမ်းဆည်းခြင်းမပြုရန် နှင့် ဖန်တီးရေးသားခြင်းမပြုလုပ်ရသည်ကို နားလည်သဘောတူပါသည်။ ငွေပေးချေမှု ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်နွှယ်နေသော သတင်းအချက်အလက်/ဒေတာများအား ကုန်သည်မှ စုဆောင်းရယူရာတွင် အသုံးပြုသူများထံမှပင် ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ်ထံမှ သို့မဟုတ် အခြားသော အရင်းအမြစ်များမှဖြစ်စေ ရရှိလာသော သတင်းအချက်အလက်များ/ဒေတာများသည် ကမ္ဘောဇဘဏ်၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာများဖြစ်ကြောင်း ကုန်သည်မှ အသိအမှတ်ပြုသည်။ ကုန်သည်သည် မြန်မာနိုင်ငံ၏ ကိုယ်ရေးအချက်အလက် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များကို သေသေချာချာလိုက်နာကြရမည်ဖြစ်ပြီး KBZPayမှ ထုတ်ပြန်သော ကိုယ်ရေးအချက်အလက် အကာအကွယ်ပေးရေး လမ်းညွှန်ချက်များကိုလဲ တိတိကျကျလိုက်နာရမည်ဖြစ်သည်။ ကုန်သည်ထံတွင် ကိုယ်ရေးအချက်အလက်/Transaction အချက်အလက်များအား ဖောက်ဖျက်ကျူးလွန်ကြောင်း သံသယရှိသောအခါတွင်ဖြစ်စေ သို့မဟုတ် ဖောက်ဖျက်ကျူးလွန်မှုတစ်ခုရှိကြောင်း ကုန်သည်မှ သိရှိသောအခါတွင် ဖြစ်စေ ကုန်သည်သည် ဖောက်ဖျက်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို ဖော်ထုတ်ပြီး ကမ္ဘောဇဘဏ်သို့ ချက်ချင်း အကြောင်းကြားရမည်ဖြစ်သည်။ ကမ္ဘောဇဘဏ်မှ နောက်ထပ်ညွှန်ကြားချက်တစ်စုံတစ်ရာ မရရှိခင်အချိန်အထိ ကုန်သည်မှ အောက်ပါ အတိုင်း ဆောင်ရွက်ရမည်။

၁၆၊၁၊၁။ KBZPay ၏ ရည်ရွယ်ချက်အတွက် အသုံးပြုသည့် ကွန်ရက်အားလုံးမှ ထိခိုက်စေနိုင်မည့် စနစ်များ၊ platform များ၊ gatewayများနှင့်/သို့မဟုတ် portalများ ချိတ်ဆက်မှုကို ဖြတ်တောက်ခြင်း၊

၁၆၊၁၊၂။ ကွန်ရက်များအားလုံးနှင့်သက်ဆိုင်သော လုံခြုံရေးထိန်းချုပ်မှုများကို တင်းတင်းကြပ်ကြပ်ဆောင်ရွက်ခြင်း၊

၁၆၊၁၊၃။ ကမ္ဘောဇဘဏ်မှ အခါအားလျော်စွာ အသိပေးထားသည့် အချက်အလက်များပြန်လည်ရရှိရေး အစီအစဉ်များ အတိုင်း လိုက်နာပြီး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း နှင့်

၁၆၊၁၊၄။ ကိုယ်ရေးအချက်အလက်/သတင်းအချက်အလက် ဖောက်ဖျက်မှုနှင့်ပတ်သက်၍ မှတ်တမ်းများအားလုံးကို ထိန်းသိမ်းထားရှိပြီး ကမ္ဘောဇဘဏ်မှ စုံစမ်းစစ်ဆေးမှုများကို ခွင့်ပြုပေးရမည်။

၁၆၊၁၊၅။ ကမ္ဘောဇဘဏ်မှ စုံစမ်းစစ်ဆေးမှု၏ ရလဒ်များအရ ချိုးဖောက်မှုသည် ကမ္ဘောဇဘဏ်၏ ကိုယ်‌ရေးအချက် အလက် အကာအကွယ်ပေးရေးလမ်းညွှန်ချက်များအား မလိုက်နာခြင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း ဖော်ပြနေပါက ကမ္ဘောဇဘဏ်မှ ကျခံခဲ့ရသည့် ကုန်ကျစရိတ်အားလုံးကို ကုန်သည်မှ ကမ္ဘောဇဘဏ်သို့ ပြန်လည် ပေးရမည်ဖြစ်သည်။


၁၇။ ဉာဏပစ္စည်းပိုင်ဆိုင်ခွင့်

ကမ္ဘောဇဘဏ်၏ဝက်ဘ်ဆိုက်နှင့် KBZPay Application၊ စာရွက်စာတမ်းများ၊ အားလုံးတွင် အကြောင်းအရာအဖြစ်ဖြင့်ဖြစ်စေ၊ စကားအသုံးအနှုန်းပုံစံအဖြစ်ဖြင့်ဖြစ်စေ ပါရှိသော ကုန်အမှတ်တံဆိပ်၊ သင်္ကေတ၊ စာလုံးအမှတ်အသား၊ လုပ်ငန်း ဝန်ဆောင်မှု အမှတ်အသား၊ ကုန်အမှတ်တံဆိပ်အမည်နှင့် ဒီဇိုင်းလက်ရာအားလုံး၏ ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်အရပ်ရပ်သည် ကမ္ဘောဇဘဏ်၏မူပိုင်ဖြစ်သည်။ ကုန်သည်သည် ကမ္ဘောဇဘဏ်၏ ဉာဏပစ္စည်းဆိုင်ရာမူပိုင်ခွင့်ကို ကိုယ်ကျိုးအတွက် သုံးစွဲခြင်း မပြုရ သို့မဟုတ် ကမ္ဘောဇဘဏ်မှ စာဖြင့်ရေးသားထားသော ကြိုတင်ခွင့်ပြုချက်ရရှိ ထားခြင်းမရှိဘဲ မည်သည့်ကိစ္စကိုမဆို ကြော်ငြာခြင်းမပြုရ။ ကုန်သည်သည် ကမ္ဘောဇဘဏ်၏ပုံရိပ်၊ ကုန်အမှတ်တံဆိပ်၊ လုပ်ငန်းအမည် သို့မဟုတ် အခြားဉာဏ ပစ္စည်း ဆိုင်ရာမူပိုင်ခွင့်ကို ထိခိုက်ပျက်ပြားစေနိုင်သည့် မည်သည့်ပြုလုပ်မှုမျိုးကိုမဆို ပြုလုပ်ခွင့်ရှိမည်မဟုတ်ပါ သို့မဟုတ် အခြားသူက ပြုလုပ်ခြင်းကိုလည်း ခွင့်ပြုပေးပိုင်ခွင့် ရှိမည်မဟုတ်ပါ။


၁၈။ လျှို့ဝှက် သတင်းအချက်အလက်

၁၈၊၁။ ဤနေရာ၌ အသုံးပြုထားသည့် "လျှို့ဝှက်သတင်းအချက်အလက်" ဆိုသည်မှာ လျှို့ဝှက်ထားရန်ဖြစ်သော အရာ အားလုံးနှင့် စာချုပ်ဝင်၏ ပိုင်ဆိုင်မှုနှင့် ပတ်သတ်သော သတင်းအချက်အလက်များကို ("လျှို့ဝှက်ချက်ကို ထုတ်ဖော် ပြသသော စာချုပ်ဝင်") အခြားသောစာချုပ်ဝင် ("လက်ခံရရှိသော စာချုပ်ဝင်") ဆီသို့ နှုတ်ဖြင့် ဖြစ်စေ၊ စာဖြင့် ရေးသားဖော်ပြ၍ဖြစ်စေ၊

၁၈၊၁၊၁။ လျှို့ဝှက်ဟုသတ်မှတ်ထားသော အချက်အလက်များ (သို့မဟုတ်)

သတင်းအချက်အလက်၏ သဘောသဘာဝအရ ကြောင်းကျိုးခိုင်လုံစွာဖြင့် လျှို့ဝှက်ဟု နားလည်သဘော ပေါက်သင့်သည့် အချက်အလက်များ နှင့် ထုတ်ဖော်ချက် အခြေအနေများ အရ (ဘဏ်၏ လျှို့ဝှက်ရမည့် အထူးတာဝန်ဝတ္တရားအရ)၊ ယခုသဘောတူညီချက်၏ အခြေအနေ အရပါဝင်သော (စျေးနှုန်းအပါအဝင်)၊ စီးပွားရေးနှင့် စျေးကွက်ရှာဖွေရေး အစီအမံများ၊ နည်းပညာ၊ ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ သတင်းအချက် အလက်များ၊ ထုတ်ကုန် ပုံစံဒီဇိုင်း၊ စီးပွားရေး လုပ်ငန်းစဉ်များ၊ KBZPay နှင့် သက်ဆိုင်သည့် အများပြည်သူနှင့် မဆိုင်သော သတင်းအချက်အလက်များ နှင့် အသုံးပြုသူများနှင့် စပ်လျဉ်းသော သတင်းအချက်အလက်များ ပါဝင်သည်။ "လျှို့ဝှက်သတင်းအချက်အလက်" များတွင် မပါဝင်သော အခြားသတင်းအချက်အလက်များမှာ-

၁၈၊၁၊၂၊၁။ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြသသော စာချုပ်ဝင်သို့ ဝတ္တရားရှိသည့်အတိုင်း ချိုးဖောက်ခြင်းမရှိဘဲ အများပြည်သူသို့ ယေဘူယျအားဖြင့် အသိပေးသင့်သည့် အချက်အလက်များ၊

၁၈၊၁၊၂၊၂။ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြသသော စာချုပ်ဝင်သို့ ဝတ္တရားရှိသည့်အတိုင်း ချိုးဖောက်ခြင်းမရှိဘဲ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြသသော စာချုပ်ဝင်မှ ထုတ်ဖော်ပြောကြားခြင်း မပြုမီ လက်ခံရရှိသော စာချုပ်ဝင် မှ ကြိုတင်သိရှိထားသော သတင်းအချက်အလက်များ၊

၁၈၊၁၊၂၊၃။ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြသသော စာချုပ်ဝင်သို့ ဝတ္တရားရှိသည့်အတိုင်း ချိုးဖောက်ခြင်းမရှိဘဲ လက်ခံရရှိသော စာချုပ်ဝင်မှ တသီးတခြား တိုးတက်ဖွံ့ဖြိုးအောင် ပြုလုပ်ထားသော သတင်းအချက် အလက်များ သို့မဟုတ်၊

၁၈၊၁၊၂၊၄။ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြသသော စာချုပ်ဝင်သို့ ဝတ္တရားရှိသည့်အတိုင်း ချိုးဖောက်ခြင်းမရှိဘဲ ကြားလူထံမှ လက်ခံရရှိထားသော သတင်းအချက်အလက်များ ဖြစ်သည်။

၁၈၊၂။ ယခုသဘောတူညီချက်ပါ ရည်ရွယ်ချက်များမှ လွဲ၍ လျှို့ဝှက်သတင်းအချက်အလက်များအား အခြားရည်ရွယ်ချက် တစ်ခုခု ဖြင့် အသုံးပြုခြင်းမရှိစေရ၊ (သို့မဟုတ်) လက်ခံရရှိသော စာချုပ်ဝင်၏ ဝန်ထမ်းများ (သို့မဟုတ်) ၄င်းတို့၏ တရားဥပဒေ အကျိုးဆောင်များအဖွဲ့၊ ကုန်သည်များ (သို့မဟုတ်) ယခု သဘောတူညီချက် ပါအကြောင်းအရာများနှင့် ပတ်သတ်၍ ငှားရမ်းသည့် အတိုင်ပင်ခံ ဝန်ဆောင်မှုများ (ကုန်သည်များ) အဖြစ်မှတ်ယူမည် ဖြစ်သည်။ သတင်းအချက်အလက်များကို သိရှိရန် လိုအပ်သူများမှလွဲ၍ အခြားသူတစ်ဦးတစ်ယောက်ထံသို့ သတင်း အချက်အလက်များ ထုတ်ဖော်ခြင်းမပြုရ။ လက်ခံရရှိသောစာချုပ်ဝင်အနေဖြင့် ယခုအပိုဒ်ခွဲတွင် ပြဋ္ဌာန်းထားသော လျှို့ဝှက်သတင်းအချက်အလက်များနှင့် ပတ်သတ်၍ မည်သည့်ချိုးဖောက်မှုများကိုမဆို တာဝန်ရှိ၍ ၄င်းခန့်အပ်ထား သော ကုန်သည်များ၏ လုပ်ဆောင်ချက်များ သို့မဟုတ် ထိန်ချန်ထားခြင်းများကြောင့် ဖြစ်ပွားရခြင်းများပါဝင်သည်။ လျှို့ဝှက်ချက်ကိုထုတ်ဖော်ပြသသော စာချုပ်ဝင်နှင့် လက်ခံရရှိသော စာချုပ်ဝင်များအကြားတွင် လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြသသော စာချုပ်ဝင်၏ လျှို့ဝှက်သတင်း အချက်အလက်များ အားလုံးမှာ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြသသော စာချုပ်ဝင်တစ်ဦးတည်း ကိုယ်ပိုင်နှင့် အထူးသီးသန့် ပိုင်ဆိုင်မှုများပင်ဖြစ်သည်။ စာချုပ်ဝင် တစ်ဦး ချင်းစီအနေဖြင့် အခြားစာချုပ်ဝင်တစ်ဦး၏ ပိုင်ဆိုင်မှု လျှို့ဝှက်သတင်း အချက်အလက်များအားလုံးကို ထုတ်ဖော်ခြင်း မပြုလုပ်ရန်နှင့် အသုံးပြုသည့်အခါတွင်လည်း၄င်း၏ ကိုယ်ပိုင်လျှို့ဝှက်သတင်း အချက်အလက်များကဲ့သို့ ဂရုတစိုက် အသုံးပြုရမည်ဖြစ်သည်။ သို့သော် မည်သည့် အခြေအနေ မျိုးတွင်မဆို သင့်တင့်လျောက်ပတ်သော ဂရုစိုက်မှုအဆင့် အောက်သို့ မလျော့စေဘဲ အသုံးပြုရမည်။ စာချုပ်ဝင်များ သဘောတူသည်မှာ ဤသဘောတူညီချက်ပါ စည်းကမ်း သတ်မှတ်ချက်များသည် စာချုပ်ဝင် နှစ်ဦးစလုံး၏ လျှို့ဝှက်သတင်းအချက်အလက်များအဖြစ် တစ်စိတ်တစ်ဒေသ ပါဝင်ကြောင်း သဘောတူညီကြသည်။

၁၈၊၃။ အကယ်၍ လျှို့ဝှက်ချက်လက်ခံရရှိသော စာချုပ်ဝင်အား လျှို့ဝှက်ချက်ကိုထုတ်ဖော်ပြသသော စာချုပ်ဝင်၏ ယုံကြည် စိတ်ချမှုဆိုင်ရာ သတင်းအချက်အလက်များကို ထုတ်ဖော်ပြသရန် ဥပဒေအရ လိုအပ်လာပါက ထိုကဲ့သို့ ဥပဒေအရ မရမနေ ထုတ်ဖော်ပြသရန် အကြောင်းနှင့် စပ်လျဉ်း၍ လက်ခံရရှိသော စာချုပ်ဝင်မှ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြသသော စာချုပ်ဝင်အား ကြိုတင်အသိပေး အကြောင်းကြားစာ ပေးပို့ရမည်ဖြစ်သည်။

၁၈၊၄။ အကယ်၍ လက်ခံရရှိသော စာချုပ်ဝင်မှ လျှို့ဝှက်သတင်းအချက်များအား ထုတ်ဖော်ပြောကြားခြင်း (သို့မဟုတ်) အသုံးပြု ခြင်းဖြင့် သဘောတူညီချက်ပါ စည်းကမ်းချက်ချိုးဖောက်ခြင်းအား ထုတ်ဖော်ပြောကြားသူမှ နစ်နာမှုအတွက် တားမြစ် အမိန့် (Injunctive relief) အား ကုစားခွင့်အဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။


၁၉။ ကမ္ဘောဇဝန်ဆောင်မှုများကို အသုံးပြုမှု အဆုံးသတ်ခြင်း

၁၉၊၁။ ကမ္ဘောဇဘဏ်အနေဖြင့် ကုန်သည်နှင့်ပြုလုပ်ထားသည့် သဘောတူညီချက်အား ကုန်သည်သည် မိမိ၏ တာဝန်ဝတ္တရားများကို ပြည့်မီအောင် ဆောင်ရွက်နိုင်မှုမရှိခြင်း၊ ကုန်သည်သည် သဘောရိုးဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိဟု သံသယဖြစ်စေခြင်း၊ မမှန်မကန်လုပ်ဆောင်ချက်များ ပြုလုပ်နေကြောင်း သံသယဖြစ်စေခြင်း သို့မဟုတ် အခြားမည်သည့် အကြောင်းကြောင့်ဖြစ်စေ ကုန်သည်သို့ ဖြေရှင်းချက်နှင့် အကြောင်းကြားခြင်းမပြုဘဲ KBZPay ငွေကြေးလွှဲပြောင်းမှု ဝန်ဆောင်မှုအား ပြတ်စဲစေရန် (သို့မဟုတ်) ဆိုင်းငံ့ထားရန် ဆုံးဖြတ်ပိုင်ခွင့်ရှိမည် ဖြစ်သည်။

၁၉၊၂။ ကုန်သည်၏ KBZPay (သို့မဟုတ်) ကမ္ဘောဇဘဏ်၏ငွေစာရင်းရှိ မည်သည့်ငွေပမာဏကိုမဆို ကုန်သည်၏ တာဝန်ဝ တ္တရားများ ပြည့်မီအောင် ဆောင်ရွက်ပြီးစီးချိန် ရက်ပေါင်း ၆၀ အထိ ကမ္ဘောဇဘဏ်အနေဖြင့် ထိန်းချုပ်ထားနိုင်ခွင့် ရှိမည်ဖြစ်သည်။

၁၉၊၄။ မည်သို့ပင်ဆိုစေကာမူ ကမ္ဘောဇဘဏ်အနေဖြင့် KBZPay ငွေကြေးလွှဲပြောင်းမှု ဝန်ဆောင်မှုကို ကုန်သည်အား အောက်ပါအကြောင်းများကြောင့် စာဖြင့် ရေးသား အကြောင်းကြား၍ ချက်ချင်း ရပ်စဲနိုင်ပါသည်။

၁၉၊၄၊၁။ ကုန်သည်မှ အကြွေးမဆပ်နိုင်သောအဖြစ်နှင့်လူမွဲစာရင်းဝင်ကြောင်း တရားဝင်ကြေညာချက်ထုတ်ခြင်း၊

၁၉၊၄၊၂။ တရားရုံးတစ်ခုခုမှ အမိန့် ချမှတ်ခြင်း (သို့မဟုတ်) ကုန်သည်အား အပြီးသတ်ဖျက်သိမ်းရန် ဆုံးဖြတ်ချက် ကုန်သည်မှ ရရှိခြင်း (သို့မဟုတ်) ပစ္စည်းထိန်း၊ အမွေထိန်း (သို့မဟုတ်) အလားတူ အရာရှိတစ်ဦးအား ကုန်သည်၏ ကြွေးမီပေးဆပ်ရန်အတွက် လက်ဝယ်ရှိသော မည်သည့် ပစ္စည်းများကိုမဆို နှင့် စပ်လျဉ်း၍ ခန့်အပ်ခဲ့ခြင်း (သို့မဟုတ်)

၁၉၊၄၊၃။ သဘောတူချက်နှင့်/သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအားကုန်သည်မှ လိုက်နာရန် ပျက်ကွက်ခြင်း (သို့မဟုတ်)

၁၉၊၄၊၄။ ကမ္ဘောဇဘဏ်၏စာဖြင့်ရေးသားထားသော သဘောတူညီမှုခွင့်ပြုချက်မပါရှိဘဲ ကုန်သည်မှ တာဝန်ယူ လက်ခံ ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းသဘောသဘာဝကို ပြောင်းလဲလုပ်ဆောင်ခြင်း (သို့မဟုတ်)

၁၉၊၄၊၅။ ကမ္ဘောဇဘဏ်၏ စာဖြင့်ရေးသားထားသော သဘောတူညီမှုခွင့်ပြုချက်မပါရှိဘဲ ကုန်သည်မှ ပိုင်ဆိုင် အကျိုးခံစားခွင့် သို့မဟုတ် ကုန်သည် အားထိန်းချုပ်ရာတွင် အပြောင်းအလဲပြုလုပ်ခြင်း (သို့မဟုတ်)

၁၉၊၄၊၆။ ကုန်သည် (သို့မဟုတ်) ၎င်းတို့၏ မည်သည့် ဝန်ထမ်းများမဆို ဝန်ဆောင်မှုများအား လိမ်လည်လိုစိတ်ဖြင့် အသုံးပြုနေခြင်း (သို့မဟုတ်) အသုံးပြုမည်ဟု အလားအလာရှိခြင်း သို့မဟုတ် ကမ္ဘောဇဘဏ်KBZ ၏ အမြင်အရ ကုန်သည် သို့မဟုတ် အခြားလူပုဂ္ဂိုလ်တစ်ဦးဦးမှ ဝန်ဆောင်မှု၏လုံခြုံမှု သို့မဟုတ် ခိုင်မာမှုအား ထိခိုက်နစ်နာစေနိုင် သည်ဟု ကမ္ဘောဇဘဏ်KBZ ကယူဆခြင်း စသည်တို့ပါဝင်ပါသည်။


၂၀။ ကုန်သည်အနေဖြင့် ကမ္ဘောဇ ဝန်ဆောင်မှုများကို အသုံးပြုမှု အဆုံးသတ်ခြင်း၏ နောက်ဆက်တွဲအကျိုးဆက်များ

၂၀၊၁။ ကုန်သည်များအနေဖြင့် ကမ္ဘောဇဘဏ်၏ KBZ ဝန်ဆောင်မှုများကို အသုံးပြုခြင်းကို အဆုံးသတ်လိုက်ခြင်းဖြင့် ကမ္ဘောဇဘဏ်၏ မည်သည့်အခွင့်အရေးနှင့် တာဝန်ဝတ္တရားများ ကိုမှ ထိခိုက်နစ်နာမှုမရှိစေရပါ။

၂၀၊၂။ ကမ္ဘောဇဘဏ်၏ KBZဝန်ဆောင်မှုများကို အသုံးပြုခြင်းကို မည်သည့်အကြောင်းပြချက်နှင့်မဆို အဆုံးသတ်ရာတွင်

၂၀၊၂၊၁။ ရရန်၊ ပေးရန်ရှိသည်ငွေအားလုံးကို အလုပ်လုပ်ရက် (၅) ရက်အတွင်း ပြန်လည်ပေးချေရမည်။ ကုန်သည်များအနေဖြင့် ကမ္ဘောဇဘဏ်၏ KBZPay ငွေကြေးလွှဲပြောင်းမှုဝန်ဆောင်မှုများကို အသုံးပြုခြင်းကို အဆုံးသတ်လိုက်ခြင်းဖြင့် ကမ္ဘောဇဘဏ်နှင့် ကုန်သည်၏ ရရန်၊ ပေးရန်ရှိသည့် အခွင့်အရေးနှင့် တာဝန်များကို ထိခိုက်မှုရှိမည် မဟုတ်ပါ။

၂၀၊၂၊၂။ ကုန်သည်မှ ကမ္ဘောဇဘဏ်သို့ စက်ပစ္စည်းကိရိယာများ၊ မူရင်းများ နှင့် မည်သည့် ဆော့ဖ်ဝဲလ်များနှင့် ယင်းတို့၏ မိတ္တူများ၊ စာအုပ်များ၊ စာရွက်စာတမ်းများ၊ မှတ်တမ်းများ၊ စာရွက်စာတမ်းများနှင့် ၄င်းတို့၏ လက်ဝယ်ရှိ ကမ္ဘောဇဘဏ်၏ ပစ္စည်းများ ကို ချက်ချင်းပြန်လည်ပေးအပ်ရမည်။

၂၀၊၂၊၃။ ကမ္ဘောဇဘဏ်၏ကုန်သည်အဖြစ်မှ ချက်ချင်း ရပ်စဲမည် ဖြစ်ပြီး အားလုံးသော သင်္ကေတများ၊ နာမည်များ၊ ရာထူးတံဆိပ်အဆောင်အယောင်များ၊ ကြော်ငြာများ (နှင့်/သို့မဟုတ်) အခြားသော ကမ္ဘောဇဘဏ်၏ ကွန်ရက် အတွင်း တစိတ်တပိုင်း အဖြစ် ကိုယ်စားပြုကြောင်း ဖော်ပြသည့် မည်သည့် ပစ္စည်းများ မဆို ဖယ်ရှားရမည်ဖြစ်ပြီး၊ အားလုံးသော စာအုပ်စာတမ်းများနှင့် ၄င်း၏ လက်ဝယ်တွင်ရှိနေသော ကမ္ဘောဇဘဏ်နှင့် ပတ်သတ် ဆက်နွှယ်နေသည့် အခြားပစ္စည်းများအားလုံးကို ကမ္ဘောဇဘဏ်သို့ ပြန်လည်ပေးအပ်ရမည်။


၂၁။ ကြော်ငြာခြင်းနှင့် ရောင်းအားမြှင့်တင်ခြင်း

၂၁၊၁။ ကုန်သည်အနေဖြင့် ကြော်ငြာခြင်း (သို့မဟုတ်) ကြော်ငြာတွင် အသုံးပြုခြင်း (သို့မဟုတ်) အခြားသော မည်သည့် ရောင်းအား မြှင့်တင်မှုဆိုင်ရာ များတွင်မဆို ကမ္ဘောဇဘဏ်၏ အမှတ်တံဆိပ်အား အသုံးမပြုရပါ။ အသုံးပြုမည်ဆိုပါက ကမ္ဘောဇဘဏ်သို့ အကြောင်းကြား ၍ ခွင့်ပြုချက်ယူရမည်။

၂၁၊၂။ မည်သည့် ကြော်ငြာ အစီအစဉ်များ ပြုလုပ်ဆောင်ရွက်ခြင်းများနှင့် ပတ်သတ်၍ မဆို ကုန်သည်မှ ကမ္ဘောဇဘဏ်၏ စာဖြင့်ရေးသားဖော်ပြထားသော သဘောတူညီချက်အား ကြိုတင် ရယူရမည်။

၂၁၊၃။ သီးခြားသဘောတူညီချက်မရှိပါက ကုန်သည်အနေဖြင့် စျေးကွက်ရှာဖွေခြင်းနှင့် ရောင်းအားမြှင့်တင်ခြင်းဆိုင်ရာ ပစ္စည်းများအား ကမ္ဘောဇဘဏ်ဆီမှအစဉ်အမြဲတိုက်ရိုက်ရယူရမည် ဖြစ်သည်။

၂၁၊၄။ ကမ္ဘောဇဘဏ်မှ ပေးအပ်ထားသော ကမ္ဘောဇဘဏ်၏ လက်ကမ်းစာစောင်များနှင့်/သို့မဟုတ် အခြားသော ကြော်ငြာခြင်းဆိုင်ရာ ပစ္စည်းများအား ကုန်သည်မှ ၄င်း၏ အဆောက်အအုံနှင့် ယင်းဥပစာ တွင် ပေါ်လွင်ထင်ရှားစွာ ပြသထားရှိရမည်။

၂၁၊၅။ အရောင်းဆိုင်ခွဲများသို့ ကမ္ဘောဇဘဏ်သို့မဟုတ် ၄င်း၏ ကုန်သည်များအနေဖြင့် မည်သည့် သင့်တော်သော အချိန်တွင်မဆို ဝင်ရောက်၍ ကြည့်ရှု့စစ်ဆေးခွင့် ရှိမည်ဖြစ်သည်။

၂၁၊၆။ ကမ္ဘောဇဘဏ်မှ အခါအားလျော်စွာ ကြေညာချက်ထုတ်ပြန်သည့် သုံးစွဲသူအသစ် ရရှိရန်လုပ်ဆောင်ချက်များတွင် ကုန်သည်မှ ပူးပေါင်းပါဝင်ရန် သဘောတူညီရမည်။ ယင်းကဲ့သို့ အသုံးပြုသူအသစ် ရရှိရန် လုပ်ဆောင်ချက်များတွင် ကမ္ဘောဇဘဏ်မှ ခန့်အပ်ထားသည့် ရောင်းအားမြှင့်တင်သူများအပါအဝင်၊ အသုံးပြုသူ အရောင်းမြှင့်တင်ခြင်းဆိုင်ရာ အစီအစဉ်များ၊ အခြား ကုန်သည်များအတွက် အစီအစဉ်များ နှင့် ကုန်သည် အသစ်များ စွဲဆောင်ရန် လုပ်ဆောင်သည့် အစီအစဉ်များ အစရှိသဖြင့် ပါဝင်သည်။


၂၂။ လျော်ကြေးငွေ

၂၂၊၁။ ကမ္ဘောဇဘဏ်၏ လျော်ကြေးငွေ

အောက်ပါကိစ္စရပ်များဖြစ်ပေါ်လာပါက ကမ္ဘောဇဘဏ်အနေဖြင့် ကုန်သည်ထံ လျော်ကြေးပေးမည် ဖြစ်သည်။

၂၂၊၁၊၁။ Transaction လုပ်ဆာင်ချက်မှာ ခိုင်လုံသော်လည်း ငွေပေးချေမှု စနစ်၏ ချို့ယွင်းမှု၊

၂၂၊၁၊၂။ ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်း ထိုသို့အသုံးပြုရခြင်းမှာ ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇဘဏ်၀န်ထမ်းများ၏ ပေါ့လျော့မှုကြောင့် အသုံးပြုလိုက်ရခြင်း ဖြစ်လျှင်။

၂၂၊၂။ ကုန်သည်၏ လျော်ကြေးငွေ

၂၂၊၂၊၁။ အောက်ပါ ဖြစ်ရပ်များကြောင့် ကမ္ဘောဇဘဏ်မှ ဖြစ်ပေါ်လာမည့် ထိခိုက်နစ်နာရမှုများ ကုန်သည်မှ လျော်ကြေးငွေပေးအပ်မည်ဖြစ်သည်။

၂၂၊၂၊၁၊၁။ ဤသဘောတူညီချက် နှင့်/သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအရ ကုန်သည်၏ မည်သည့်တာဝန်ဝတ္တရားများအပေါ်မဆို ကုန်သည်မှ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်းများ (သို့မဟုတ်)

၂၂၊၂၊၁၊၂။ ကုန်သည်မှ ကမ္ဘောဇဘဏ်အားပေးအပ်သည့် သတင်းအချက်အလက်များမမှန်ကန်ခြင်း (သို့မဟုတ်) သတင်းအချက်အလက်များ ထိမ်ချန်ထား ခြင်း

၂၂၊၂၊၁၊၃။ Transaction ပြုလုပ်ခြင်းနှင့်ပြန်အမ်းငွေများ ပြန်လည်ထုတ်ပေးသည့် အစီအစဉ်တွင် ကုန်သည်နှင့် ၄င်း၏ဝန်ထမ်းများ၏ ပေါ့လျော့မှုကြောင့်ဖြစ်ပေါ်လာသောနစ်နာမှုများ

၂၂၊၂၊၁၊၄။ ကုန်သည်၏ ဝန်ထမ်း (သို့မဟုတ်) ယင်းကဲ့သို့ အလုပ်သမားငှားရမ်းခြင်းကြောင့် ဖြစ်ပေါ်လာသော မည်သည့် တောင်းဆိုချက်များမဆို၊

၂၂၊၂၊၁၊၅။ ကမ္ဘောဇဘဏ်အနေဖြင့် ယခုသဘောတူစာချုပ် နှင့်/သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်းသတ်မှတ် ချက်များအရ လိုအပ်သော ကုန်သည်၏ ကုန်အမှတ်တံဆိပ်များ၊ မူပိုင်ခွင့်များ အသုံးပြုရာတွင် ထိုကုန်အမှတ်တံဆိပ်များ၊ မူပိုင်ခွင့်များ ကြောင့်ဖြစ်ပေါ်လာသော အငြင်းပွားမှုများ၊

၂၂၊၂၊၁၊၆။ ကုန်သည်သည် အသုံးပြုသူ၏ သတင်းအချက်အလက်ဒေတာများကို အသုံးပြုရာတွင် ဥပဒေ တရပ်ရပ်နှင့်ညီညွတ်မှုမရှိခြင်း။ ထို့အပြင် ကုန်သည်သည် ယခုဘဏ်ကပေးအပ်မည့် ၀န်ဆောင်မှုနှင့် ပတ်သက်သည့် အသုံးအဆောင်များ စက်ပစ္စည်းများအား မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပေးအပ်ရမည် မဟုတ်ပါ။

၂၂၊၃။ No Consequential Loss

ကမ္ဘောဇဘဏ် ၏ ပေးရန်တာဝန်များသည် ကုန်သည်မှခံစားရသော နောက်ဆက်တွဲနစ်နာဆုံးရှုံးမှု သို့မဟုတ် လုပ်ငန်းပိုင်းဆိုင်ရာပျက်စီးမှု သို့မဟုတ် လုပ်ငန်းပိုင်းဆိုင်ရာဆုံးရှုံးမှု သို့မဟုတ် အကျိုးအမြတ် ဆုံးရှုံးမှုများအထိ အကျုံးဝင်မည်မဟုတ်ပါ။


၂၃။ နုတ်ယူပိုင်ခွင့်

ကုန်သည်သည် အခြားလူပုဂ္ဂိုလ်မှဖြစ်စေ၊ ကမ္ဘောဇဘဏ်မှဖြစ်စေ သို့မဟုတ် မည်သည့်အကြောင်းပြချက်ကြောင့် ဖြစ်စေ မှားယွင်း လွှဲပြောင်းမိသောကြောင့် ကုန်သည်၏ငွေစာရင်းတွင် ပိုနေသောငွေများကို ပြန်ပေးရန်တာဝန်ရှိပါသည်။ ယင်းပိုငွေများသည် ကုန်သည်၏ ရပိုင်ခွင့်ရှိသည့်ငွေများ မဟုတ်သည့်အားလျော်စွာ မည်သည့်ကန့်သတ်ချက်၊ အသိပေးချက်မှ ပေးပို့ခြင်း မရှိဘဲ သို့မဟုတ် လျော်ကန်သင့်မြတ်သည့် နည်းလမ်းအရပ်ရပ်ဖြင့် ကမ္ဘောဇဘဏ်မှ နုတ်ယူနိုင်သည်။


၂၄။ ကိုယ်စားပြုခြင်းများနှင့် အာမခံခြင်းများ

၂၄၊၁။ ကုန်သည်သည် အောက်ပါအချက်များအား အာမခံပါသည်။

၂၄၊၁၊၁။ ကုန်သည်တွင် ယခုစည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်အား လိုက်နာခြင်းနှင့်တကွ အခြားသော ကိစ္စရပ်အသီးသီးအတွက် အခွင့်အာဏာ အပြည့်အဝ ရှိရမည် ဖြစ်သည်။

၂၄၊၁၊၂။ ကုန်သည်သည် ဤစည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်ကို လိုက်နာရာတွင် တည်ဆဲ ဥပဒေများနှင့်အညီ လိုက်နာကျင့်သုံးရမည်ဖြစ်သည်။

၂၄၊၁၊၃။ ကုန်သည်သည် ဤစည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်ကို အကောင်အထည်ဖော်ခြင်း၊ ဆောင်ရွက်ခြင်းများ ပြုလုပ်ရာတွင် ပြဋ္ဌာန်းထားသော ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို ဆန့်ကျင်ခြင်း မရှိစေဘဲ တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည်။

၂၄၊၂။ ဝန်ဆောင်မှုအသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်အဖြစ်ဝန်‌ဆောင်မှုများအား ဥပဒေနှင့်မညီသည့် မည်သည့် ရည်ရွယ် ချက်အတွက်မှ အသုံးပြုမည်မဟုတ်ကြောင်းကို ကုန်သည်မှအာမခံသည်ဖြစ်သည်။ ဝန်ဆောင်မှုများကို အသုံးပြုမှု နှင့် စပ်လျဉ်းသည့် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ နည်းဥပဒေနှင့် ပြဋ္ဌာန်းဥပဒေအရပ်ရပ်ကို လိုက်နာရန် ကုန်သည်မှ သဘောတူသည်ဖြစ်သည်။

၂၄၊၃။ ကုန်သည်သည် KBZPay စနစ်မှတဆင့် ၎င်း၏ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများကို ကမ်းလှမ်းရာတွင် အသုံးပြု သော မည်သည့်ဉာဏပစ္စည်း (ကုန်အမှတ်တံဆိပ်များ၊ မူပိုင်ခွင့်များနှင့် ကုန်သွယ်မှု လျှို့ဝှက်ချက်များအပါအဝင်) ကိုမဆို အသုံးပြုရန် လိုအပ်သောလိုင်စင်၊ ခွင့်ပြုချက်နှင့် လုပ်ပိုင်ခွင့်များကို ရရှိပြီးဖြစ်သည်။


၂၅။ စာရင်းစစ်နှင့် ပုံမှန် ပြန်လည်သုံးသပ်မှုများ

ကုန်သည်သည် ကမ္ဘောဇဘဏ်မှ စာရင်းစစ်ဝင်ခြင်းကို ခွင့်ပြုရမည်။ ထိုသို့စစ်ဆေးရာတွင် ဤသဘောတူ စာချုပ်နှင့်ပက်သက်သော စာအုပ်များ၊ မှတ်တမ်းမှတ်ရာများ၊ အလားတူတစ်ခုနှင့်တစ်ခုဆက်နွှယ်မှုများ၊ ညွှန်ကြားချက်များနှင့် လက်ခံရရှိငွေများ စသည်တို့ကိုလဲ စစ်ဆေးမည်ဖြစ်သည်။ ကုန်သည်သည် စီးပွားရေးလုပ်ငန်း ပြောင်းလဲခြင်း သို့မဟုတ် ဆိုင်ပုံစံ ပြောင်းလဲခြင်း သို့မဟုတ် အခြားသော ပြောင်းလဲခြင်းများ ထိုပြောင်းလဲခြင်းများသည် စာချုပ်ပါ အခြားပါတီဝင်အား အကျိုးသက်ရောက်မှုရှိမည် ဆိုပါက ပြောင်းလဲခြင်းများမလုပ်ဆောင်ခင် ကြိုတင်သုံးသပ်စစ်ဆေးမှုအတွက် ကမ္ဘောဇဘဏ်ထံ အကြောင်းကြားရန် လိုအပ်ပါသည်။ ကမ္ဘောဇဘဏ်မှလဲ စာချုပ်ပါ ၀န်ဆောင်မှုများ၊ ၀န်ဆောင်ခများ ပြောင်းလဲခြင်း၊ ၀န်ဆောင်မှုအသစ်များ ထပ်မံ မိတ်ဆက်ခြင်းများအတွက် ကုန်သည်ထံ အချိန်နှင့် တပြေးညီ အသိပေးသွားမည် ဖြစ်သည်။ ဖြစ်ပေါ်လာသော ကိစ္စအဝဝအတွက် နှစ်ဦးနှစ်ဖက်ညှိနှိုင်း၍ ဆောင်ရွက်သွားရမည်။ ကုန်သည်သည် ပြောင်းလဲမှု လုပ်ဆောင်လျှင် ပြောင်းလဲမှု အားလုံးအတွက် ကမ္ဘောဇဘဏ်ထံ (၇) ရက်ကြိုတင်၍ အသိပေး အကြောင်းကြားစာ ပေးပို့ရမည်။


၂၆။ တာဝန်ရှိခြင်း၏ ကန့်သတ်ချက်

ကမ္ဘောဇနှင့် ကုန်သည်သည် တဖက်ပါတီ၏အမြတ်အစွန်းများ၊ ဆုံးရှုံးမှုများ၊ ဒေတာဆုံးရှုံးမှုများ၊ အခြားကုန်ကျစရိတ်များ၊ စီးပွားရေး အနှောင့်အယှက်ဖြစ်မှုများ (သို့မဟုတ်) အခြားသောအသုံးစရိတ်၊ ဒဏ်ကြေး (သို့မဟုတ်) ထိခိုက်မှုများစသည့် အကြောင်းတရားများ အတွက် တာဝန်ရှိမည်မဟုတ်ပါ။ သို့ရာတွင် ဤသဘောတူညီချက်နှင့် ဆက်စပ်နေပြီး စာချုပ်ဝင် တဖက်မှ ဆုံးရှုံးစေရန် တမင် တကာလုပ်ဆောင်ခြင်းသော်လည်းကောင်း ပေါ့ဆခြင်းသော်လည်းကောင်း (သို့မဟုတ်) အရည်အချင်းများမရှိ သောသူတစ်ဦးအား စာချုပ်ဝင်မှ နေရာခန့်အပ်ထားခဲ့ခြင်းများကြောင့် ထိခိုက်ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်ရသည်ဆိုပါက ၄င်းဆုံးရှုံးမှု များအတွက် ဆုံးရှုံးအောင် လုပ်ဆောင်သူပါတီတွင် တာဝန်ရှိမည် ဖြစ်ပါသည်။


၂၇။ လျှို့ဝှက်စျေးဝယ်သူများ

ကမ္ဘောဇဘဏ်သည် ကုန်သည်၏ ၀န်ဆောင်မှု အရည်အသွေးအား ဆန်းစစ်နိုင်ရန်လျို့ဝှက်စျေးဝယ်သူများ (Mystery Shoppers) စေလွှတ်၍ စမ်းသပ်ဝယ်ခိုင်းမည် ဖြစ်သည်။


၂၈။ လွှဲပြောင်းခြင်း နှင့် ဆက်ခံသူများ

ကုန်သည်မှ အခြားသူတစ်ဦးတစ်ယောက်သို့ လွှဲပြောင်းခြင်း သို့မဟုတ် ၎င်း၏ ရပိုင်ခွင့်များကို လွှဲအပ်ခြင်း သို့မဟုတ် ဤသဘောတူညီချက်ပါ တာဝန်ဝတ္တရားများကို အားလုံး (သို့မဟုတ်) တစိတ်တပိုင်းကိုဖြစ်စေ အခြားနောက်ထပ်တစ်ဦး တစ်ယောက်အား ကမ္ဘောဇဘဏ်၏ စာဖြင့် ရေးသားထားသော တရားဝင်သဘောတူညီချက်မရှိဘဲ လွှဲပြောင်းခြင်း စသည်ဖြင့် မပြုလုပ်ရ။ ယင်းကဲ့သို့ လွှဲအပ်သည့် မည်သည့် ဆိုလိုရင်းများ ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ်၏ စာဖြင့်ရေးသားထားသော တရားဝင် ကြိုတင် အသိပေးအကြောင်းကြားစာမပါရှိဘဲ လွှဲပြောင်းခြင်းများ ပြုလုပ်ပါက တရားမဝင်၍ ပျက်ပြယ်သည်ဟု မှတ်ယူရမည်။ သို့ရာတွင် ကမ္ဘောဇဘဏ်အနေဖြင့် အခွင့်အရေးလွှဲအပ်ခြင်း (သို့မဟုတ်) အားလုံး (သို့မဟုတ်) တစိတ်တပိုင်းကိုဖြစ်စေ အခြားကုမ္ပဏီ အစုအဖွဲ့များသို့ ရောင်းချခြင်း၊ လွှဲပြောင်းခြင်း၊ ပေါင်းစပ်ခြင်း၊ ပေါင်းစည်းခြင်းများ ပြုနိုင်မည် ဖြစ်သည်။


၂၉။ မလွန်ဆန်နိုင်သော ဖြစ်ရပ်များ

ဤဝန်ဆောင်မှုကို ကမ္ဘောဇဘဏ်ကဆောင်ရွက်ပေးနေစဉ်ကာလအတွင်း သဘာဝဘေးအန္တာရာယ်၊ စစ်ဖြစ်ပွားမှု၊ ဆန္ဒပြမှု သို့မဟုတ် အလုပ်သမားအငြင်းပွားမှု၊ ကုန်သွယ်ရေးပိတ်ပင်မှု၊ အစိုးရအမိန့်၊ မီးလောင်ခြင်း၊ ရေကြီးခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မုန်တိုင်း သို့မဟုတ် အလွန်ဆိုးရွားသည့်ရာသီဥတုအခြေအနေများ၊ ဆူပူအုံကြွမှု၊ ပုန်ကန်မှု၊ လူထုမငြိမ်မသက်ဖြစ်မှု၊ စီးပွားရေးပိတ်ဆို့အရေးယူမှု၊ သပိတ်မှောက်မှု၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု၊ စက်ချွတ်ယွင်းမှု သို့မဟုတ် အခြားသော မလွန်ဆန်နိုင်သော ဖြစ်ရပ်များသာဖြစ်သည်ဟု ကန့်သတ်ထားမှုမရှိသော်လည်း ယင်းတို့အပါအဝင်ဖြစ်ပြီး ကမ္ဘောဇဘဏ်မှ ကျိုးကြောင်း ဆီလျော်စွာ ထိန်းချုပ်နိုင်မှုထက် ကျော်လွန်နေသည့်ဖြစ်ရပ်များကြောင့် အချိန်ကာလတစ်ရပ်အထိ ဖြစ်ပေါ်လာ ရသည့် မည်သည့်လုပ်ငန်းဆောင်ရွက်ရန် ပျက်ကွက်မှု သို့မဟုတ် နှောင့်နှေးမှု ဖြစ်ခြင်းများအတွက်မဆို ကမ္ဘောဇဘဏ်တွင် တာဝန် မရှိကြောင်းကို ကုန်သည်သည်နားလည်သဘောတူပါသည်။ ကမ္ဘောဇဘဏ်သည် ယင်းသို့သောအခြေအနေများကြောင့် အဟန့်အတားဖြစ်ခြင်း၊ အတားအဆီးဖြစ်ခြင်း သို့မဟုတ် နှောင့်နှေးနေခြင်းများ ကြုံတွေ့နေရသည့် အတိုင်းအတာအပေါ် မူတည်၍ အဆိုပါအခြေအနေများ ပြီးဆုံးသွားသည့်အချိန်အထိ ကမ္ဘောဇဘဏ်ကပေးနေသည့် ဤဝန်ဆောင်မှုအား ဆိုင်းငံ့ ထားမည်ဖြစ်သည်။ ထိုသို့သောအခြေအနေများ ဆက်လက်ဖြစ်ပျက်နေစဉ်ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက် များတွင် ဖော်ပြထား သောတာဝန် ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် ကမ္ဘောဇဘဏ် အနေဖြင့် ကုန်သည်အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက် ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။


၃၀။ ဆက်လက်အသက်ဝင်ခြင်း

ဤစည်းကမ်းချက်များပါ ပြဋ္ဌာန်းချက်တစ်ရပ်စီတိုင်းသည် အခြားပြဋ္ဌာန်းချက်များနှင့်မတူဘဲ သီးခြားသက်ဝင်မှုရှိမည် ဖြစ်သည်။ ဤစည်းကမ်းချက်များပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည် တရားဝင်မှုမရှိတော့ခြင်း၊ ပျက်ပြယ်ခြင်း သို့မဟုတ် ဥပဒေတစ်ရပ်ရပ် အရ အာဏာသက်ရောက်မှုမရှိတော့ခြင်းများ ဖြစ်လာပါက ယင်းအပိုင်းသည်သာ ပျက်ပြယ်မည်ဖြစ်ပြီး ကျန်ပြဋ္ဌာန်းချက်များ အား ထိခိုက်စေခြင်း သို့မဟုတ် ပျက်ပြယ်စေခြင်းများရှိမည်မဟုတ်ဘဲ ကျန်ပြဋ္ဌာန်းချက်များသည် ဆက်လက်အသက်ဝင်နေမည် ဖြစ်သည်။


၃၁။ တာဝန်ရှိမှုမှ ကင်းလွတ်ခြင်း

ကမ္ဘောဇဘဏ်သည် ကုန်သည်မှ ၄င်း၏ဝန်ဆောင်မှုနှင့်ပက်သက်၍ အာမခံချက်များ ဖော်ပြထားရှိခြင်း (သို့မဟုတ်) သွက်ဝိုက် ညွှန်းဆိုခြင်းများ၊ စာဖြင့်ရေးသားထားသော (သို့မဟုတ်) နှုတ်ဖြင့်မြွက်ဟသောစကားများအတွက် တာဝန်ရှိလိမ့်မည် မဟုတ်ပါ၊။ ထို့အတူ ကုန်သည်သည် ကမ္ဘောဇဘဏ်မှ ၀န်ဆောင်မှုများပေးရာတွင် အဆင်မပြေမှုများရှိမည်ကို နားလည်သိရှိ သဘောပေါက် ပါသည်။


၃၂။ သက်ဆိုင်မှု မရှိခြင်း

ဤစည်းမျဉ်းနှင့်စည်းကမ်းချက်များတွင်ပါဝင်သော မည်သည့်ပြဌာန်းချက်မဆိုကြောင့် ဤစည်းမျဉ်းနှင့်စည်းကမ်းချက်များကို သဘောတူထားသည့် ကုန်သည်နှင့် ကမ္ဘောဇဘဏ်တို့သည် အလုပ်သမားနှင့်အလုပ်ရှင်၊ မိတ်ဖက်၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သူ၊ ဖက်စပ်လုပ်ငန်းလုပ်ကိုင်သည်ဟု အဓိပ္ပာယ်ကောက်ယူခြင်းမရှိစေရ။ ကုန်သည်နှင့် ကမ္ဘောဇဘဏ်တို့သည် သီးခြားလွတ်လပ် သောသူများဖြစ်ပြီး မည်သည့်ဖက်ကမဆို အခြားတစ်ဖက်၏ လုပ်ဆောင်ချက်၊ ဆောင်ရွက်ချက် သို့မဟုတ် ပျက်ကွက်ခြင်းများ အတွက် တာဝန်မရှိစေရ။


၃၃။ ပြင်ဆင်ခြင်း

ဤစည်းကမ်းသတ်မှတ်ချက်များပါ မည်သည့်ပြဋ္ဌာန်းချက် သို့မဟုတ် ဝန်ဆောင်မှု နှင့်/သို့မဟုတ် မည်သည့်အဖိုးအခကိုမဆို မည်သည့် အချိန်တွင်မဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မည်သည့်ကြိုတင်အကြောင်းကြားခြင်းကိုမျှ ပြုလုပ်ခြင်းမရှိဘဲ ကမ္ဘောဇဘဏ် သည် ၎င်း၏တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ပြင်ဆင်ခွင့်၊ မွမ်းမံခွင့်၊ အစားထိုးပိုင်ခွင့်၊ ပယ်ဖျက်ခွင့် သို့မဟုတ် ရုတ်သိမ်းပိုင်ခွင့် အပြည့်အဝရှိကြောင်းကို ကုန်သည်ကသိရှိသဘောတူပါသည်။ ဝက်ဘ်ဆိုက် သို့မဟုတ် KBZPay Application တွင်ဖော်ပြ ပေးထားမည့် ပြင်ဆင်ချက်များအပါအဝင် ဤစည်းမျဉ်းစည်းကမ်းချက်များကို ပုံမှန်ဖတ်ရှုစစ်ဆေးသွားရန် ကုန်သည်တွင် တာဝန် အပြည့်အဝရှိပါသည်။ ဤစည်းကမ်းသတ်မှတ်ချက်များအား ပြောင်းလဲမှု သို့မဟုတ် အပြောင်းအလဲများ ပြုလုပ်ပြီးနောက် ကုန်သည်သည် ဤဝန်ဆောင်မှု၏ မည်သည့်အသုံးပြုမှုတိုင်းအတွက်မဆို ဤပြောင်းလဲသွားသည့် စည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်များနှင့် အကျုံးဝင်သက်ရောက်မှုရှိမည်ဖြစ်သည်။


၃၄။ စွန့်လွှတ်ခြင်း

ဤစည်းကမ်းချက်များပါ မည်သည့်ပြဋ္ဌာန်းချက်(များ)ကိုမဆို မည်သည့်အချိန်တွင်မဆို အကျိုးသက်ရောက်မှုရှိအောင် ဆောင်ရွက် ရန် မည်သည့်ဖက်ကမဆိုပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းကို ဤစည်းကမ်းချက်များပါ ပြဋ္ဌာန်းချက်တစ်ခု စီတိုင်းနှင့် ပြဋ္ဌာန်းချက်အရပ်ရပ်ကို အာဏာသက်ရောက်အောင် လုပ်ဆောင်ပိုင်ခွင့်အား စွန့်လွှတ်ခြင်းဖြစ်သည်ဟု အဓိပ္ပာယ် ကောက်ယူ ခြင်းမရှိစေရ။


၃၅။ အခွန်အခများ

ဤစည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ အခွန်စည်း ကြပ်သည့် ဥပဒေများအရ အကျိုးသက်ရောက်စေရမည်ဖြစ်ပြီး သက်ဆိုင်ရာ ပစ္စုပ္ပန် နှင့် အနာဂတ် အခွန်အခများ၊ အကောက်ခွန်များ၊ သွင်းကုန်ပေါ်စည်းကြပ်ကောက်ခံခွန်များ၊ အဖိုးအခများ၊ သွင်းကုန်များ နှင့် အခြားသော အဖိုးအခများ၊ ဝင်ငွေ၊ ထိမ်ချန်ထားငွေများ၊ သွင်းကုန်၊ အဝယ်၊ အရောင်း၊ အသုံးပြုခ၊ အနုတ်အသိမ်း၊ တန်ဖိုးထပ်ဆောင်းခ၊ ရငွေ စုစုပေါင်း၊ စုစုပေါင်း လခများ၊ နှင့် အလားတူ အကဲဖြတ်ခြင်းများအပေါ် အကောက်ခွန် အာဏာပိုင်မှကောက်ခံသော အကောက်ခွန်များနှင့် အခြားအခွန်အခများအားလုံးပါဝင်သည်။


၃၆။ လွှမ်းမိုးသော ဥပဒေနှင့် အငြင်းပွားမှုဖြေရှင်းခြင်း

ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများ နှင့်အညီ အဓိပ္ပာယ်ဖွင့်ဆိုရမည်ဖြစ်ကာ ဤစည်းမျဉ်းစည်းကမ်းများမှ သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်းများအရ ပေါ်ပေါက်လာသော မည်သည့်အငြင်းပွားမှုကိုမဆို စီရင်ဖြေရှင်းပိုင်ခွင့်အာဏာသည် မြန်မာနိုင်ငံရှိတရားရုံးများတွင်သာ ရှိစေရမည် ဖြစ်သည်။


၃၇။ ဘာသာစကား

ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ပြုလုပ်ထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ်သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူရမည် ဖြစ်သည်။


၃၈။ စည်းကမ်းသတ်မှတ်ချက်များ၏ ဆက်လက်တည်တံ့ရေး

လျော်ကြေးငွေ ပိုဒ်ခွဲ၊ ယုံကြည်စိတ်ချရခြင်း ပိုဒ်ခွဲ၊ အသိဉာဏဆိုင်ရာ ပိုင်ဆိုင်မှုပစ္စည်း နှင့် ယှဉ်ပြိုင်စေခြင်းမပြုရမည့် တာဝန်ဝတ္တရားများ အားလုံးသည် စာချုပ်ရပ်စဲပြီးဖြစ်သော်လည်း ဆက်လက် တည်တံ့နေမည်ဖြစ်သည်။


၃၉။ တိုက်ရိုက်ပေးချေရန်ငွေများအတွက် အခွင့်ပြုခြင်း

ကမ္ဘောဇဘဏ် ဝန်ဆောင်မှုများကို အသုံးပြုရာတွင် အငြင်းပွားမှု၊ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ကမ္ဘောဇဘဏ်အနေဖြင့် စုံစမ်း စစ်ဆေးမည်ဖြစ်သည်။ ထိုသို့ စစ်ဆေးပြီးနောက် လိုအပ်လာပါက ကုန်သည်၏ ဘဏ်ငွေစာရင်းထဲမှ ထိုအငြင်းပွားဖွယ် ငွေပမာဏ အား နှုတ်ယူမည်ဖြစ်သည်။ အကယ်၍ ပေးချေရမည့် ငွေပမာဏ မှာ ၄င်း၏ဘဏ်ငွေစာရင်းထဲ၌ လုံလောက်စွာ မရှိပါက ကုန်သည်မှ ထိုငွေပမာဏအား ဖြည့်သွင်းပေးရန် သဘောတူညီပါသည်။

ကုန်သည် အသိအမှတ်ပြုသည်မှာ ဤစည်းမျဉ်းနှင့် စည်းကမ်း သတ်မှတ်ချက်များအား ဖတ်ရှု့ပြီး၍ နားလည်သဘောပေါက် ကြောင်းနှင့် ဤသဘောတူညီချက်ပါ စည်းကမ်း သတ်မှတ်ချက်များနှင့် ပတ်သတ်၍ လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်းကို ဝန်ခံ၍ သဘောတူညီပါသည်။


၄၀။ ဆက်သွယ်ရန် အချက်အလက်များ

Call Center : +95 9969963212

Support Email : query.kbzpay@kbzbank.com

Website : www.kbzbank.com

Facebook : https://www.facebook.com/KBZPay/

● နောက်ဆက်တွဲ (က)-ဝန်ဆောင်ခ

● နောက်ဆက်တွဲ (ခ) - ဝန်ဆောင်မှုနယ်ပယ်


နောက်ဆက်တွဲ (က)


ဝန်ဆောင်ခ

စဉ် အကြောင်းအရာ ဝန်ဆောင်ခ
၁။ Customer Account မှတ်ပုံတင်ခြင်း ကျပ် ၅၀၀
၂။ ငွေသွင်း သွင်းထားသည့်ငွေပမာဏ၏ ၀.၀၀ %
၃။ ဖုန်းငွေဖြည့်ခြင်း MEC - ဖြည့်သွင်းငွေ၏ ၃ %
MPT, Atom, Ooredoo, Mytel - ဖြည့်သွင်းငွေ၏ ၁ %
၄။ QuickPay လုပ်ဆောင်မှုတစ်ကြောင်းလျှင် ကျပ် ၁၈၀
၅။ MMBusTicket ၄ %
၆။ Mobile Legends ၈ %
၇။ ဘေလ်ပေးဆောင်ခြင်း EPC - လုပ်ဆောင်မှုတစ်ကြောင်းလျှင် ကျပ် ၅၀
SkyNet – လုပ်ဆောင်မှုတစ်ကြောင်းလျှင် ကျပ် ၅၀
၈။ KBZPay QR Code Payment Acceptance - လုပ်ငန်းအမျိုးအစားပေါ်မူတည်၍ MDR နှုန်းထားများကို အမျိုးမျိုးခွဲခြားထားပါသည်။


နောက်ဆက်တွဲ (ခ)


ဝန်ဆောင်မှုနယ်ပယ်

အမျိုးအမည် အကြောင်းအရာ
Customer Account မှတ်ပုံတင်ခြင်း App မှတစ်ဆင့် သုံးစွဲသူအသေးစိတ်အချက်အလက်များကို ပေးဆောင်ပြီး အေးဂျင့်မှစစ်ဆေးပြီး KBZPay အတွက် ဝယ်ယူသူစာရင်းသွင်းသည့်လုပ်ငန်းစဉ်
ငွေသွင်း Customer သည် Agent တည်နေရာတွင် ၎င်း၏ KBZPay အကောင့်သို့ ငွေသားထည့်သွင်းသည့် လုပ်ငန်းစဉ်
ဖုန်းငွေဖြည့်ခြင်း Customer သည် Agent တွင် KBZPay ကို အသုံးပြု၍ Air Time ငွေဖြည့်သွင်းခြင်းကို ဝယ်ယူသည့်လုပ်ငန်းစဉ်။
QuickPay Customer မှ ငွေပေးချေမှုပြုလုပ်သည့် လုပ်ငန်းစဉ် e.g. for utility, TV subscription at Agent.
MMBusTicket Agent တွင် KBZPay ကို အသုံးပြု၍ ဝယ်ယူသူသည် အဝေးပြေးယာဉ်လက်မှတ်များကို ဝယ်ယူသည့်လုပ်ငန်းစဉ်
Mobile Legends Customer သည် Agent တွင် KBZPay ကို အသုံးပြု၍ Mobile Legends' Diamond ကို ဝယ်ယူသည့် လုပ်ငန်းစဉ်။
ဘေလ်ပေးဆောင်ခြင်း Customer သည် Agent တွင် လျှပ်စစ်ဘေလ်ပေးချေမှုနှင့် SkyNet စာရင်းသွင်းမှုအတွက် ဘေလ်ပေးချေမှုလုပ်ငန်းစဉ်။
KBZPay QR Code Payment Acceptance KBZPay သုံးစွဲသူသည် KBZPay မှတစ်ဆင့် Agent ထံမှ ဝယ်ယူသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများအတွက် ငွေပေးချေမှု လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။